DVB Logo
Home
မြန်မာသတင်း
သစ်တောပြုန်းတီးလာသည့်အတွက် ဝါးများကို အခြားဒေသမှဝယ်ယူနေရ
DVB
·
January 7, 2018
သစ်တောပြုန်းတီးလာသည့်အတွက် ဝါးများကို အခြားဒေသမှဝယ်ယူနေရ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ သစ်တောတွေ ပိုပြီးပြုန်းတီးလာတဲ့အတွက် လိုအပ်တဲ့ ဝါးတွေကို တခြားဒေသတွေကနေ ဝယ်ယူနေရတယ်လို့ ရုံးခမောက်ချုပ်သူ တဦးက ပြောပါတယ်။

“အရင်က မိုးညှင်း အရှေ့တောင်ပေါ်မှာ ခမောက်ချုပ်ဖို့ ဝါးကို နေ့ချင်းသွားပြီး ကိုယ်တိုင်ခုတ်လို့ရတယ်။ ကိုယ်တိုင်ခုတ်တော့ အမြတ်ပိုကျန်တာပေါ့။ အခုက မော်ဟန်၊ မော်လူးတို့က လာရောင်းတဲ့ဝါးကို ဝယ်သုံးနေရတာ။ အမြတ်နည်းသွားတာပေါ့” လို့ ခမောက်လုပ်ငန်းလုပ်ကိုင်သူ မခင်ဌေးရီက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မိုးညှင်းမြို့နဲ့ နှစ်မိုင်လောက် ဝေးတဲ့ အရှေ့ကံ့ကော်တောင်တန်းမှာ ဝါးပါး ဝါးပင်တွေအများအပြားပေါက်ရောက်ခဲ့တာပါ။ အဲဒီ ဝါးပါး ဝါးကို လူတွေက နုစဉ်မှာ ဟင်းလျာtတွက်ချက်စားဖို့ ချိုးယူခဲ့ကြပါတယ်။ ဒါ့အပြင် မျှစ်ခြောက်လုပ်ပြီး တရုတ်ပြည်နဲ့ မြန်မာပြည်အောက်ပိုင်းတွေကို အများအပြား တင်ပို့ခဲ့ကြပါသေးတယ်။ မြန်မာပြည်အနှံ့ကို ရောင်းခဲ့တဲ့ ရုံးခမောက်လုပ်ငန်း လုပ်ကိုင်သူတွေအတွက်လည်း အဲဒီတောင်က ဝါးကိုဘဲ ခုတ်ယူခဲ့ကြတာပါ။

“အရင်က အရှေ့တောင်ကို ဝါးခုတ်သွားရင် တစ်ရက်ထဲ နှစ်ကျော့ ကျော့ ခုတ်လို့ရတယ်။ တစ်ရက်ခုတ်ထားရင် မိသားစု တစ်ပတ်စာ ခမောက်ချုပ်ဖို့ လောက်တယ်။ ရုံးလည်းအဲဒီတောင်မှာပဲ ခုတ်လို့ရတော့ရောင်းရသမျှ အမြတ်ချည်းဘဲ။ ခုဒီ ၁၀ နှစ်နောက်ပိုင်းမှာ သစ်တောတွေပြုန်း။ ဝါးတွေလည်း ပြုန်းလာတော့ နန့်စီးအောင်ကျေးရွာထက် ကျော်ပြီး မိုင်(၄၀)ခရီးသွားမှ ဝါး ကရတာ။ တစ်ခေါက်သွားရင်ဆိုင်ကယ်မှာ ငွေတစ်သောင်းဘိုးတော့ပါအောင် သယ်ရတာပေါ့။ ဆီဖိုးနုတ်ရင် သုံးထောင် လေးထောင်တော့ ကျန်ပါတယ်။ ကျောင်းသားတွေလည်းရှိတော့ စားရရုံပါပဲ။ ဆိုင်ကယ်ပျက်တဲ့နေ့ဆို နေ့တွက်တောင်မကျန်ပါဘူး” လို့ အရှေ့စု ရပ်ကွက်မှ ရုံးခမောက်လုပ်ငန်းလုပ်ကိုင်သူ မစောရီက ပြောပါတယ်။

မိုးညှင်းအရှေ့တောင်မှာ ဝါးရှားလာတဲ့အတွက် ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းမြို့ နယ်များကနေ ရုံးခမောက်ချုပ်ဖို့ ဝါးတွေကို ဝယ်ယူနေရတာပါ။

ခမောက်ချုပ်ဖို့ အခြားဒေသက တင်းဝါး ဝါးတွေကို မိုးညှင်း အရှေ့စု ရပ်ကွက်ဈေးမှာလာရောက်ရောင်းချကြတာပါ။

ခမောက်ချုပ်ဝါးကတော့ ယခင်နှစ်က ပေါက်ခဲ့တဲ့ဝါးကို သုံးပြီး ပေါင်းသင်း(ခဲတံချောင်း)လုပ်ဖို့ ဝါးကိုတော့ ယခုနှစ်ပေါက် ဝါးကို အသုံးပြုကြတာလို့ သိရပါတယ်။

ရုံးခမောက်အတွက်လိုအပ်တဲ့ အခွံကြမ်းကို အခုလိုဆောင်းရာသီမှာ အများဆုံးယက်လုပ်သိုလှောင်ကြတာပါ။ ဆောင်းရာသီမှာခုတ်တဲ့ ဝါးတွေက ပိုးမစားဘူးလို့ သိရပါတယ်။

မိုးညှင်းမြို့ဟာ အခြားဒေသတွေကို ရုံးခမောက်နဲ့ ပေါင်းသင်း(ခဲတံချောင်း) အများအပြားတင်ပို့တဲမြို့ ဖြစ်လို့ ဝါးအများဆုံး ကို မော်လူး၊ မော်ဟန်၊ ကာဒူ၊ နန့်စီးအောင်၊ ဘုံချောင်း၊ နန်းခမ်း ကျေးရွာများကဝါးတွေကို အများဆုံးဝယ်ယူနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013