DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဝန်ဆောင်မှုကို ပုံဖော်ပေးမည့် နိုင်ငံဝန်ထမ်းကဏ္ဍအကြောင်း ဆွေးနွေး
DVB
·
January 7, 2018
ပြည်သူ့ဝန်ဆောင်မှုကို ပုံဖော်ပေးမည့် နိုင်ငံဝန်ထမ်းကဏ္ဍအကြောင်း ဆွေးနွေး
Donate to DVB

 

ပြည်သူ့ဝန်ဆောင်မှုကို ပုံဖော်ပေးမယ့် နိုင်ငံဝန်ထမ်းအခန်းကဏ္ဍအကြောင်းကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

Info Digest Journal က ဦးဆောင်ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို ရန်ကုန်မြို့ Yangon Book Plaza မှာ သဗွိုက်အယ်ဒီတာ စာရေးဆရာ ဦးဇေယျသူ။ ရန်ကုန်တိုင်း လွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင်နဲ့ Info Digest Journal က အယ်ဒီတာ ဦးဟန်ဇော်တို့ကနေ ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြတာပါ။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူကရွေးချယ်ပေးလိုက်တဲ့ အရပ်သား အစိုးရ ဆီကို တာဝန်ခံရမယ့်အစား ကာကွယ်ရေးဦးစီးချုပ်ဆီကို တာဝန်ခံ နေရတာဟာ သဘာဝ မကြဘူး။ ဒါတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ရတာလို့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဆွေးနွေး သွားပါတယ်။

ပြည်သူ့ဝန်ဆောင်မှုကို ပုံဖော်ပေးမည့် နိုင်ငံဝန်ထမ်းအခန်းကဏ္ဍမှာ မူကောင်း ပြီး လူမ ကောင်းခဲ့တဲ့ ကာလတွေ။ လူကောင်းပြီး မူမကောင်းတဲ့ ကာလတွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေနဲ့ မြန်မာနိုင်ငံဟာ ကြုံခဲ့ရတာကြောင့် လူကော မူကော ကောင်းဖို့လိုတယ်လို့ ဆွေးနွေးသွားပါတယ်။

၂၀၁၇ ဇူလိုင်လက ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ နိုင်ငံ့ဝန် ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ကို စောင့်ကြည့်လေ့လာသွားကြဖို့ကိုလည်း Info Digest Journal က အယ်ဒီတာ ဦးဟန်ဇော်က ဆွေးနွေးပွဲမှာ တိုက်တွန်သွားပါတယ်။

အစိုးရအသစ်နဲ့ နိုင်ငံဝန်ထမ်းတွေဟာ အခုအချိန်အထိ ဟန်ချက်မညီသေးဘူးလို့ အားလုံးက ဆွေနွေးသွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013