DVB Logo
Home
မြန်မာသတင်း
ကားတိုက်မှု ဆေးကုသစရိတ်မပေး၍ ဓားဖြင့်ထိုးသတ်
DVB
·
January 7, 2018
ကားတိုက်မှု ဆေးကုသစရိတ်မပေး၍ ဓားဖြင့်ထိုးသတ်
Donate to DVB

 

မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့မှာ မနေ့ မနက်ပိုင်းက ၆၂  အရွယ်အမျိုးသားတဦးက သမီးဖြစ်သူအား ကားနဲ့တိုက်သွားတဲ့သူရဲ့ဇနီးကို ဆေးကုသစရိတ်တောင်းရာ မပေးတဲ့အတွက် ဓားထိုးခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ မောတောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဇန်န၀ါရီလ ၆ ရက်နေ့ မနက်ပိုင်းက မောတောင်မြို့မှာ မြို့မရပ်ကွက်နေ ဈေးဝယ်ထွက်လာတဲ့ မ၀င်းဝင်းနွယ် (၃၅ နှစ်)ကို တရပ်ကွက်တည်းနေ ဦးထွန်းသန်း (၆၂ နှစ်)က ဓားနဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။

မ၀င်းဝင်းနွယ်ရဲ့ ယောက်ျားဖြစ်သူမှာ ဦးထွန်းသန်းရဲ့သမီးကို ကားနဲ့တိုက်မိခဲ့တဲ့အတွက် ဆေးကုသစရိတ်လျော်ကြေးတောင်းရာကနေ မပေးနိုင်ကြောင်း ပြောတဲ့အတွက် အရိုး ၆ လက်မ၊ အသွား ၉ လက်မရှိတဲ့ ဓားနဲ့ ၅ ချက်အထိုးခံရပြီး တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ခဲ့ပေမယ့် နေ့လယ် ၁ နာရီလောက်မှာ သေဆုံးခဲ့တာပါ။

“မ၀င်းဝင်းနွယ်ခင်ပွန်းက ထိုင်းနိုင်ငံသားပါ။ သူ့ယောက်ျားကားနဲ့ ဦးထွန်းသန်း သမီး (မရှမ်းမငယ်)ကို ယဉ်တိုက်မှုဖြစ်ထားတယ်။  ခြေထောက်ခွဲစိတ်ထားရတာကို ဆေးကုသစရိတ် မတတ်နိုင်ဘူး။ ဒါကြောင့် မ၀င်းဝင်းနွယ်အနေနဲ့ လျော်ကြေးပေးဖို့တောင်းတယ်။ ဒါပေမယ့် မ၀င်းဝင်းနွယ်က မပေးနိုင်ဘူးလို့ ပြောခဲ့တယ်။ ဒါကိုမကျေမနပ်ဖြစ်ပြီး မောတောင်ဈေးမှာ ဓားနဲ့ လာထိုးသွားတာပါ။ ကျနော်တို့ဆေးရုံကို တင်ပို့ပေးလိုက်ပေမယ့် ရရှိဒဏ်ရာနဲ့ပဲ သေဆုံးခဲ့ရတယ်”လို့ မောတောင်နယ်မြေရဲစခန်းမှ ဒုရဲမှူး အောင်ကျော်မိုးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူကို ဦးသန်းထွန်းကို ဖမ်းဆီးရမိခဲ့ပြီး မောတောင်နယ်မြေရဲစခန်းမှ (ပ) ၂/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013