DVB Logo
Home
မြန်မာသတင်း
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မိုင်း ၁ လုံး တွေ့ရှိ
DVB
·
January 7, 2018
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် မိုင်း ၁ လုံး တွေ့ရှိ
Donate to DVB

 

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ မနေ့ မနက်ပိုင်းက မိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

မနက် ၁၀ နာရီလောက်က မိုင်းယု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နားမှာ ထောင်ထားတဲ့ ရှေ့ထွက်မိုင်း တွေ့ခဲ့တာပါ။

နှင်းနှင်းခိုင် ကုမ္ပဏီကားဝင်း တာဝန်ခံနဲ့ ဝန်ထမ်းတွေဟာ ဘုန်းကြီးကျောင်း အတက်လမ်းဘေး ခြုံတွေကို ရှင်းနေတုန်းမှာ ဖြူးစ် နှစ်ချောင်း၊ ဆားကစ်ပြားတခု၊ ဝိုင်ယာကြိုးနဲ့ ဓာတ်ခဲ ငါးလုံးပါတဲ့ မိုင်းကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုင်းကို နယ်မြေခံတပ်က ရှင်းလင်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒ့ါအပြင် ဒီဇင်ဘာ ၃၁ ရက်ညကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ လားရှိုး မောင်းတံနဲ့ ယာဉ်ငယ်တွေ စစ်ဆေးတဲ့ နေရာကြားမှာ  တရုတ်နိုင်ငံလုပ် ရှေ့ထွက်ကြီးကြပ်မိုင်း တွေ့ပြီး ရှင်းလင်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013