DVB Logo
Home
အာရှဒေသ
ခမာနီအစိုးရလက်ချက်ကြောင့်သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
DVB
·
April 30, 2012
ခမာနီအစိုးရလက်ချက်ကြောင့်သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
Donate to DVB

ဧပြီလ ၁၇ ရက်နေ့ဟာ ကမ္ဘောဒီးယား နိုင်ငံသမိုင်းမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အလှည့်အပြောင်းနေ့ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် ကမ်ပူးခြား (Democratic Kampuchea)လို့ အမည်ပြန်ပြောင်းထားတဲ့ ခမာနီတပ်တွေက ကမ္ဘောဒီးယားကို စုပေါင်းလယ်ယာစနစ် အခြေခံတဲ့ ကွန်မြူနစ် လူ့အဖွဲ့အစည်းပုံစံကို ပြောင်းပစ်ခဲ့ပါတယ်။ `ပိုလ်ပေါ့´ ဦးဆောင်တဲ့ ခမာနီ ကွန်မြူနစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၄နှစ်အတွင်း ကွပ်မျက်ခံရမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယနဲ့ မတရားခိုင်းစေခံရမှုတွေကြောင့် တိုင်းပြည်လူဦးရေ သုံးပုံတပုံ သေဆုံးခဲ့ရပါတယ်။ အခု ခမာနီ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း ၄ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှု စတာတွေနဲ့ စွဲချက်တင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။ ဒီအကြောင်းကို ဖနွမ်းပင်မြို့မှ သတင်းထောက် ဘိုရင်းနောင်(Borin Noun) က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013