DVB Logo
Home
မြန်မာသတင်း
မြိတ်ခရိုင်တွင် အသေးစားအလတ်စားလုပ်ငန်းရှင်များကို ချေးငွေချထားပေးရေး ဆွေးနွေး
DVB
·
January 7, 2018
မြိတ်ခရိုင်တွင် အသေးစားအလတ်စားလုပ်ငန်းရှင်များကို ချေးငွေချထားပေးရေး ဆွေးနွေး
Donate to DVB

မြိတ်ခရိုင်အတွင်းမှာရှိတဲ့ အသေးစားအလတ် စားလုပ်ငန်းရှင်များကို မြန်မာ့စီးပွားရေးဘဏ်က ချေးငွေများချထားပေးဖို့ ဇန်န၀ါရီ ၆ ရက်နေ့က ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်(မြိတ်ဘဏ်ခွဲ) မှပြုလုပ်တဲ့တွေ့ ဆုံဆွေးနွေးပွဲကို တိုင်းဒေသကြီးစီမံ/ ဘဏ္ဍာ ၀န်ကြီးဦးဖြိုးဝင်းထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

“မြိတ်က စီးပွားရေးလုပ်ငန်းတွေ ပေါများတဲ့အတွက် ချေးငွေချထားပေးဖို့ တိုင်းအစိုးရ လုပ်ဆောင်တာနဲ့ မြိတ်ကို ဦးစားပေးဖို့ ကျနော်ပြောခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ကလည်း လုပ်ငန်းအလိုက် အောင်မြင်မှုရှိစေဖို့ လျှောက်ထားရယူသင့်ပါတယ်။ အရင်ကထက် ဖြေလျော့မှုတွေ အများကြီးလုပ်ထားပါတယ်” လို့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။

‌ချေးငွေအနေထားမှာ ၃ နှစ်၊ ၄ နှစ် နှင့် ၅ နှစ်ကာလ ပိုင်းခြားရှိပြီး အတိုးကို ၃ လတစ်ကြိမ်ပေးဆပ်သွား ရမှာဖြစ်သလိုအတိုးနှုန်း ၉ ရာခိုင်နှုန်းရှိကြောင်း အရင်းဆိုင်းငံ့မှုကို ၁ နှစ်မှ ၂ နှစ်အထိရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တနင်္သာရီတိုင်းမန်နေဂျာ ဦးထွန်းထွန်းဝင်းက ဆိုပါတယ်။

“ချေးငွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အသေးစားအလတ်စား လုပ်ငန်းရှင်တွေ လိုချင်တဲ့ပုံစံနဲ့ ကွာဟနေပါတယ်။ ကျနော်တို့ လိုချင်တာကလုပ်ငန်း အောင်မြင်မှုမရှိခင်မှာ အတိုးရော အရင်းပါ ဆိုင်းငံ့ဖို့ နောက်ပြီး ICG လို့ခေါ်တဲ့ အပေါင်ထားစရာမလိုတဲ့ ချေးငွေမျိုးကို လိုချင်တာပါ။ အခုက လုပ်ငန်းစတင်နေတဲ့ အချိန်မှာပဲ အတိုးကစတင်ကောက်နေပြီဆိုတော့ လုပ်ကိုင်ဖို့ မလွယ်လောက်ဘူး” လို့ SME လုပ်ငန်း အရပ်ဖက်အဖွဲ့အစည်းမှ ဦးထွန်းထွန်းဦးက ပြောပါတယ်။

ချေးငွေတွေကို အနည်းဆုံးသတ်မှတ်ထားခြင်းမရှိဘဲ အများဆုံးကျပ်သိန်း ၃ ထောင်အထိ

ချေးယူခွင့်ပေးမှာဖြစ်ပေမယ့် အပေါင်ခံရမယ့် အဆောက်အအုံ မြေနေရာတွေ၊ လက်ဝတ်ရတနာတွေ ထားရှိပေးရမှာဖြစ်တဲ့အတွက် အသေးစား အလတ်စား လုပ်ငန်းရှင် တွေအနေနဲ့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

မြိတ်ခရိုင်အတွင်း အသေးစားအလတ်စားလုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်းရှိနေပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားခဲ့ပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013