DVB Logo
Home
မြန်မာသတင်း
ဖြူးတွင် စက်မှုလယ်ယာဖော်ဆောင်ရာတွင် ဆည်ရေသောက်စနစ်ကြောင့် အခက်ကြုံ
DVB
·
January 6, 2018
ဖြူးတွင် စက်မှုလယ်ယာဖော်ဆောင်ရာတွင် ဆည်ရေသောက်စနစ်ကြောင့် အခက်ကြုံ
Donate to DVB

လက်မှုလယ်ယာမှ စက်မှုလယ်ယာ ကူပြောင်းရာမှာ တောင်သူတွေအတွက် အဆင်ပြေပေမယ့် လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းမှာ ဆည်ရေသောက်စနစ် နည်းပါနေတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဖြူးမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ လက်မှုလယ်ယာမှ စက်မှုလယ်ယာကို ကူးပြောင်းရာမှာ ဖြူးမြို့နယ်မှာ ဆည်ရေသောက်စနစ်နည်းပါးတဲ့အတွက် စနစ်ကျတဲ့ စက်မူလယ်ယာဖော်ဆောင်ဖို့ အခက်အခဲရှိနေတာလို့ ဆိုပါတယ်။

"စက်မှုလယ်ယာက်စနစ်ဖောတာက ၂၀၁၁/၁၂ ခုနှစ်က စဖော်တာပါ။ ဒီနယ်မှာကလည်း စက်မှုလယ်ယာဖော်ဆောင်မယ်ဆိုရင် သုံးသီး ဒါမှမဟုတ် နှစ်သီး စိုက်လို့ရမှလေ။ လိုအပ်တာကတော့ အဓိကရေပေါ့။ ဆည်ရေသောက်စနစ် ခေါ်တာပေါ့။ အဓိက ဒီမှာက ဆည် ရေသောက်စနစ် နည်းပါတာကြောင့် ခက်ခဲတယ်။ နည်းဆို မရှိသလောက်ပဲ။ အဲတာကြောင့် ဖြူးမြို့နယ်အတွက်ကြတော့ စက်မှုလယ်စနစ်ဖော်ဆောင်ရာမှာ ခက်ခဲတာပေါ့" လို့ ဖြူးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အခုနှစ် စပါးစိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်တွေမှာ လုပ်သားရှားပါမှုနဲ့ လုပ်သားငှားရမ်း အသုံးပြုခတွေ ဈေးမြင့်တက်လာတာကြောင့် စက်ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ကိုင်ရာမှာ ငွေကြေးနဲ့ အချိန်ကုန်မှုတွေမှာ သက်သာခဲ့တယ်လို့ တောင်သူတဦးက ပြောပါတယ်။

"လူငှားပြီး ရိတ်မယ်ဆို တစ်ယောက်ကို ၄၀၀၀ လောက်ပေးရတယ်။ ရိတ်ရုံသက်သက်ပဲရတယ်။ ကောက်ဆုပ်ထည့်တာက အနည်းဆုံး လူသုံးယောက်ထပ်သုံးရတယ်။ စပါးအဆံဖြစ်ဖို့က ထပ်ကုန်သေး။ အဲတော့ လူရှာငှားရတဲ့ ဒုက္ခနဲ့ အချိန်နောက်ကျတာနဲ့ဆို တော်တော်ဒုက္ခများတယ်။ အဲတော့ ရိတ်သိမ်းစက်ကို သုံးတယ်။ တစ်ဧကကို လေးသောင်းခွဲငါးသောင်းလောက်နဲ့ စပါးက အိပ်ထဲထည့်ပြီးတဲ့အဆင့်ရောက်တယ်။ အချိန်ကုန်လည်း အရမ်းသက်သာတယ်" လို့ ဖြူးမြို့နယ်အတွင်းမှ တောင်သူ ဒေါ်သန်းဌေးက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်း စိုက်ပျိုးဧက ၁၅၀၀၀၀ ကျော်ရှိပြီး စက်မှုလယ်ယာစနစ်ကို အသုံးပြုစိုက်ပျိုးတဲ့ ဧကမှာ ၄၆၂ သာ ရှိကြောင်းနဲ့ နွေစပါးစိုက်ပျိုးဖို့ ရေမရရှိတာကြောင့် အခက်အခဲဖြစ်နေတဲ့ တောင်သူအများအပြားရှိနေပြီး ဖြူးမြို့နယ်အတွင်း ဆည်ရေသောက်စနစ် မရှိတာကြောင့် ချောင်းပိတ်/မြောင်းပိတ်စနစ်ကို သုံးပြီး နွေစပါးဆိုက်ပျိုးနေရတယ်လို့ ဖြူးမြို့နယ်စိုက်ပျိုးရေးဌာနမှ သိရပါတယ်။

သတင်း ကျော်အောင်( ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013