DVB Logo
Home
မြန်မာသတင်း
ကသာတွင် ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး
DVB
·
January 6, 2018
ကသာတွင် ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ရွှေပြည်သာကျေးရွာမှာ ဇန်န၀ါရီ ၄ ရက်နေ့က အသက် ၆ နှစ်အရွယ် မိန်းကလေးတဦး အဓမ္မကျင့်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့

ကသာမြို့မရဲစခန်းက ဒုစခန်းမှူး ရဲအုပ်မင်းသန်းထိုက်က ပြောပါတယ်။

ဇန်နဝါရီ ၄ ရက်ည ၇ နာရီက ဦးအောင်အောင်နဲ့ဇနီး မစန်းရင်တို့ အိမ်မှာရှိနေစဉ် တီဗွီကြည့်ဖို့ထွက်သွားတဲ့ သမီးဖြစ်သူ ပြန်မလာလို့ လိုက်လံရှာဖွေရာ နေအိမ်တလုံးရဲ့ အနောက်ဘက် ကြံခင်းစပ်မှ ခွေးဟောင်သံနဲ့ ကလေး ညည်းသံကြားလို့ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူကို ပက်လက်အနေအထားနဲ့ ဝဲဘက်ပါးပြင်ညိုမဲဒဏ်ရာ၊ ယာဘက်ပါးပြင်ညိုမဲဒဏ်ရာ၊ ယာဘက်လည်ပင်းညိုမဲဒဏ်ရာ၊ မိန်းမအင်္ဂါသွေးထွက်နေတာကို တွေ့ရလို့ ကသာခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ပြီး အဓမ္မပြုကျင့်သူကို စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားထားတာလို့ ကသာမြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်မင်းသန်းထိုက်က ပြောပါတယ်။

“ကသာဆေးရုံကနေ မန္တလေးဆေးရုံကြီးကို ပို့နေတုန်း ဆုံးသွားတာလို့ သိရတယ်။ ညနေ ၃ နာရီခွဲလောက်ကဆုံးတာ၊ ည ၇ နာရီ ခွဲလောက်မှာ ကျနော်တို့ကို အကြောင်းကြားတယ်။  ဖမ်းမိထားသူကတော့ ဝန်ခံထားတယ်။ တရားရုံးမှာ ထွက်ချက်ယူရဦးမှာပါ” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ အောင်ကို(ခ)အောင်ကိုကို ဟာ အရက်သေစာသောက်စားပြီး နေအိမ်ကို ပြန်လာစဉ် ကလေးငယ်ကို တွေ့ပြီး နေအိမ်အနောက်ဘက် ကြံခင်းစပ်ကို ခေါ်ကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အောင်ကို ကို ဇန်န၀ါရီ ၅ ရက်နေ့ညပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပြစ်မှုကျူးလွန်သူလို့ ယူဆရသူကို ကသာမြို့မရဲစခန်းမှာ မုဒိမ်းကျင့် လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၇၆၊ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ကိုကိုလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013