ဆေးစာမလိုသော ဆေးလေးတွေနဲ့ ဝက်ခြံကုကြမယ်
DVB
·
January 6, 2018

ဝက်ခြံဟာလူပျိုဖော်၊အပျိုဖော်ဝင်စအရွယ်မှာအဖြစ်များဆုံးအရေပြားပြဿနာဖြစ်ပြီးလူလတ်ပိုင်းအရွယ်လောက်ထိဆက်လက်ဖြစ်ပွါးနိုင်ပါတယ်။သင့်မှာဝက်ခြံပေါက်နေလို့စိတ်ညစ်နေပါသလား။သင့်အနေနဲ့ဝက်ခြံကုသနည်းမျိုးစုံကိုလှည့်ပတ်စဉ်းစားပေမယ့်သူတို့ဟာအကျိုးရှိမရှိဒါမှမဟုတ်စိတ်ချရမှုရှိမရှိကိုဒွိဟများနေပါသလား။ဒါဆိုရင်အောက်ဖော်ပြပါအလွယ်တကူဝယ်ယူသုံးစွဲလို့ရတဲ့ဆေးလေးတွေကိုသုံးစွဲကြည့်လိုက်ပါ။သင့်အတွက်အကျိုးရှိပါလိမ့်မယ်။
ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
OTC (ဆေးစာမလိုသောဆေး)ဆိုတာဘာလဲ။
OTC ဆေးတွေဆိုတာဆရာဝန်ဆီကဆေးစာမလိုဘဲအလွယ်တကူဝယ်ယူသုံးစွဲနိုင်တဲ့ဆေးတွေကိုဆိုလိုပါတယ်။ဝက်ခြံပေါက်နေသူအများစုဟာ OTC ဆေးတွေကိုသုံးစွဲဖို့ရွေးချယ်လေ့ရှိကြပါတယ်။အဆိုပါဆေးတွေဟာထိရောက်လွယ်ကူအကျိုးရှိတဲ့အပြင်ဆရာဝန်ဆေးစာလိုတဲ့ဆေးတွေနဲ့ယှဉ်ရင်ဈေးလည်းပိုသက်သာပါတယ်။ဒါ့အပြင်အရေပြားဆရာဝန်နဲ့မပြနိုင်သူတွေအတွက်လည်းသင့်တော်ပါတယ်။ပါဝင်ပစ္စည်းတွေပေါ်မူတည်ပြီး OTC ဆေးတွေကိုဝက်ခြံကုသရာမှာအနည်းဆုံးရည်ရွယ်ချက်တခုအတွက်အသုံးပြုကြပါတယ်။OTC ဆေးနဲ့ကုသမှုအမျိုးအစားများ
အဓိကအမျိုးအစားငါးမျိုးရှိပါတယ်။သူတို့တွေကတော့မျက်နှာကိုဆေးကြောသန့်စင်ပေးတဲ့လိုးရှင်းတွေ၊မျက်နှာအရေပြားပေါ်မှာကြာရှည်ရှိနေမယ့်ပစ္စည်းတွေ၊လိမ်းဆေးမဟုတ်တဲ့ပစ္စည်းတွေကိုအသုံးပြုရတဲ့ကုသမှုတွေ၊မရှိမဖြစ်လိုအပ်တဲ့အဆီတွေ၊ဗီတာမင်နဲ့သတ္တုဓာတ်တွေပဲ ဖြစ်ကြပါတယ်။ မျက်နှာကိုဆေးကြောသန့်စင်ပေးတဲ့လိုးရှင်းတွေ၊မျက်နှာအရေပြားပေါ်မှာကြာရှည်ရှိနေမယ့်ပစ္စည်းတွေ သူတို့နှစ်မျိုးကပါဝင်ပစ္စည်းတွေအတော်လေးဆင်တူတဲ့အတွက်ပူးတွဲဖော်ပြလိုက်ပါတယ်။ ဒီပစ္စည်းအမျိုးအစားတွေဟာတကိုယ်ရည်ကျန်းမာရေးနဲ့အလှအပထိန်းသိမ်းရေးမှာအတော်ပဲအကျိုးများစေတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။သူတို့ဟာသင့်အရေပြားပေါ်ကအညစ်အကြေးတွေ၊ဆဲလ်အသေတွေ၊ဘက်တီးရီးယားတွေနဲ့မလိုလားအပ်တဲ့အဆီတွေကိုဖယ်ရှားပစ်နိုင်တာမို့အရေပြားကိုနူးညံ့ချောမွေ့စေပါတယ်။ မျက်နှာကိုဆေးကြောသန့်စင်ပေးတဲ့လိုးရှင်းတွေနဲ့မျက်နှာအရေပြားပေါ်မှာကြာရှည်ရှိနေမယ့်ပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေကိုအောက်မှာဖော်ပြထားပါတယ်။- ဆပ်ပြာအစစ် : ဆပ်ပြာအစစ်ကို alkali နဲ့ fatty acid တို့အသုံးပြုပြီး ပြုလုပ်ထားပြီးဆေးကြောသန့်စင်ဖို့အသုံးပြုလေ့ရှိပါတယ်။ဒါ့အပြင်ဆပ်ပြာအစစ်ကိုပုံမှန်အသုံးပြုပေးရင်သင့်အရေပြားအစိုဓာတ်ကိုထိန်းပေးနိုင်ပါတယ်။
- အညစ်အကြေးတွေကိုဖယ်ရှားပေးနိုင်တဲ့ချွတ်ဆေး (detergent) တွေ : ဒီချွတ်ဆေးတွေမှာဖန်တီးပြုလုပ်ထားတဲ့ surfactants၊မြင့်မားတဲ့အပူချိန်ကိုအသုံးပြုပြီးအရည်ဖျော်ထားတဲ့ fatty acids၊estersနဲ့ဖယောင်းတို့ပါဝင်ပြီးဝက်ခြံလိမ်းဆေးတွေကြောင့် ဖြစ်ပေါ်လာတဲ့အရေပြားနီရဲရောင်ရမ်းမှုတွေကိုလျော့ကျသက်သာစေပါတယ်။
- Hydroxy acids (ဟိုက်ဒရိုအက်ဆစ်စ်) : alpha နဲ့ beta hydroxyl acids ဆိုပြီးအမျိုးအစားနှစ်မျိုးရှိပါတယ်။Alpha hydroxy acids တွေဟာ (OTC ကုသမှုတွေမှာသုံးတဲ့အက်ဆစ်နှစ်မျိုးက glycolic acid နဲ့ lactic acid တို့ ဖြစ်ပါတယ်) အရေပြားဆဲလ်သေတွေကိုဖယ်ရှားပေးပြီးအမာရွတ်တွေကိုသက်သာပျောက်ကင်းစေကာနီရဲရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့အတွက်အသားအရေလှပချောမွေ့စေပါတယ်။Beta hydroxy acids ကတော့ (salicylic acid တမျိုးတည်းကိုပဲသုံးလေ့ရှိပါတယ်) မွေးညင်းပေါက်တွေရဲ့အရွယ်အစားကိုသေးစေပြီးအရေပြားကိုပိုမိုလှပကောင်းမွန်စေပါတယ်။
- ဂျီးချွတ်ပွတ်တိုက်ပေးနိုင်တဲ့ Scrubs များ : ဂျီးချွတ်ပွတ်တိုက်ခြင်းဟာသင့်အသားအရေကိုနူးညံ့ချောမွတ်နုပျိုစေပါတယ်။Scrubs မှာအများအားဖြင့်သစ်သီးအစေ့လေးတွေနဲ့ aluminum oxide တို့ပါဝင်လေ့ရှိပါတယ်။ဒါပေမယ့် Scrubs တွေဟာအရေပြားနီရဲရောင်ရမ်းမှုကို ဖြစ်ကောင်းဖြစ်စေနိုင်တာမို့ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေမှာတော့အသုံးမပြုသင့်ပါဘူး။
- ကပ်ခွါများ : သူတို့ဟာသင့်အရေပြားပေါ်ကအညစ်အကြေးတွေ၊မလိုလားအပ်တဲ့အဆီတွေကိုဖယ်ရှားပေးနိုင်တာကြောင့်ဝက်ခြံကိုလျော့ပါးသက်သာစေပါတယ်။
မရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်များ
လက်ဖက်ဆီလို့ခေါ်တဲ့ Tea tree oil ဟာMelaleucaမျိုးရင်းမှာပါဝင်တဲ့အပင်တွေကနေရရှိပါတယ်။လက်ဖက်ဆီဟာဘက်တီးရီးယားတွေကိုသတ်ပစ်နိုင်ပြီးရောင်ရမ်းမှုတွေကိုသက်သာစေပါတယ်။ဒါပေမယ့်လက်ဖက်ဆီဟာအရေပြားဓာတ်မတည့်မှုအချို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်များ
- Retinol : Retinol ဟာဗီတာမင် A ရဲ့အသုံးပြုပုံစံဖြစ်ပြီး/ဗီတာမင် A ကနေရရှိပြီးအရေပြားတစ်ရှူးတွေကိုထိန်းသိမ်းပေးနိုင်တဲ့အတွက်အရေပြားအသစ်ဖြစ်ပေါ်တာနဲ့အရေပြားဆဲလ်ပွါးများတာတို့ကိုကူညီအားပေးပါတယ်။
- ဇင့်ဓာတ် : ဇင့်ဓာတ်ဟာလူတွေ၊တိရစ္ဆာန်တွေအသက်ရှင်နေထိုင်ဖို့အတွက်အင်မတန်အရေးကြီးတဲ့ကဏ္ဍကနေပါဝင်ပါတယ်။အလှအပရေးရာအတွက်ဆိုရင်တော့ဇင့်ဆားဟာဝက်ခြံတွေနီရဲရောင်ရမ်းတာကိုကုသပေးနိုင်ပြီးအခြားသောဆေးအမျိုးအစားတွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် ပြင်းထန်ဝက်ခြံတမျိုးဖြစ်တဲ့ P. acnes ဖြစ်ပွါးနှုန်းကိုပါလျော့ကျစေနိုင်ပါတယ်။
