DVB Logo
Home
မြန်မာသတင်း
ဆိပ်ကြီးခနောင်တို ဓမ္မသုခကျောင်းထိုင်ဆရာတော် ဆွဲကြိုးချ ပျံလွန်တော်မူ
DVB
·
January 5, 2018
ဆိပ်ကြီးခနောင်တို ဓမ္မသုခကျောင်းထိုင်ဆရာတော် ဆွဲကြိုးချ ပျံလွန်တော်မူ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဓမ္မသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးဝိစ္စရဟာ ဇန်နဝါရီ ၅ ရက်က ကျောင်းတိုက်အတွင်း ဆွဲကြိုးချ ပျံလွန်တော်မူခဲ့ပါတယ်။

ဓမ္မပါလ ကျောင်းက ဆရာတော်တပါးက “အရုဏ်ဆွမ်းစားဖို့ မလာဘူး။ အခန်းထဲမှာလည်း မရှိလို့ ရှာကြည့်တော့ ကျောင်းအနောက်ဘက်က မလေးရှား ပိတောက်ပင်မှာ ဆွဲကြိုးချ ပျံလွန်နေတာ တွေ့လိုက်တာ။ ဆရာတော်က သေတမ်းစာတော့ ရေးခဲ့တယ်။ စာထဲမှာတော့ ဘုန်းကြီးရဲ့ ဆရာသမားတွေကို ခွင့်လွှတ်ပေးဖို့ ရေးထားတယ်။ ပြီးတော့ သူ့ပစ္စည်းစာရင်းတွေ ဘာတွေရှိလဲ ဆိုတာ ရေးထားတယ်” မိန့်ပါတယ်။

ဆရာတော်ရဲ့ ဒါယိကာမတဦးကလည်း “ဆရာတော်က နေမကောင်းဖြစ်နေတာ တလလောက် ရှိနေပြီ။ ဆရာဝန်နဲ့တော့ အမြဲပြနေတာပဲ။ အခုလိုဖြစ်သွားတာ ယုံတောင် မယုံနိုင်ဘူး” လို့ ပြောပါတယ်။

သက်တော် ၆၄ နှစ်၊ ဝါတော် ၄၄ ဝါရှိတဲ့ ဓမ္မသုခကျောင်းတိုင်ဆရာတော်ဟာ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ လူအများ ကိုးကွယ်တဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။ ရုပ်ကလာပ်ကို ၁၅ ရက်ထားပြီး အပူဇော်ခံမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013