DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရန် လေ့လာဆန်းစစ်မှု ကချင်ပါတီများ ကန့်ကွက်
DVB
·
January 5, 2018
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရန် လေ့လာဆန်းစစ်မှု ကချင်ပါတီများ ကန့်ကွက်
Donate to DVB

အထက်ဧရာဝတီမြစ်ညှာမြစ်ဝှမ်းဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့အတွက် မူဝါဒ လေ့လာဆန်းစစ်မှုတွေ လုပ်နေတာကို ကချင်နိုင်ငံရေးပါတီ ၄ ဖွဲ့က ပူးပေါင်းကန့်ကွက်လိုက်ပါတယ်။

IFC, ICEM, Australian Aid, MOEE အစရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ Palm Spring Resort မှာ မြန်မာနိုင်ငံ ရေအား လျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် အလုပ်ရုံဆွေးနွေးပွဲ တခုကို ဒီနေ့ ကျင်းပနေပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ကချင်ပြည်နယ်ဒေသခံတွေ ကန့်ကွက်နေကြတဲ့ မေခ၊ မလိခ၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်မယ့် လမ်းစတွေ ဖြစ်သလို သူတို့ဒေသနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပေမယ့် ဒေသခံတွေနဲ့ မေးမြန်းတိုင်ပင်ခြင်း မရှိတာကြောင့် KDP, KSDP, KNC, LNUDP စတဲ့ ကချင်ပါတီ ၄ ခုက ဒီကနေ့ ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်တာလို့ KDP ပါတီပြောခွင့်ရ ဂျော်ဆန်းနော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်တာက ဧရာဝတီအထက်ပိုင်းပေါ့၊ အဓိက မြစ်ဆုံကိစ္စပေါ့နော်။ ရေကာတာ တည်ဆောက်ရင် အားသာချက် ဘာတွေရှိလဲဆိုတာ နိုင်ငံတကာကို သူတို့ ပြောမယ်၊ အဲဒီအတွက် စိုးရိမ်တယ်။ ပြီးတော့ ကျနော်တို့ဆီမှာ စစ်ပွဲတွေ၊ ဒုက္ခသည်တွေ သိန်းချီရှိနေတဲ့အချိန်မှာ အကြီးစားစီမံကိန်းတွေ လုပ်မယ့်အစား စစ်ဘေးစစ်ရှောင်တွေကို အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ၊ နောက်နိုင်ငံရေးဆွေးနွေးပွဲတွေပါ ကူညီတာတွေပဲ ဦးစားပေး လုပ်စေချင်တဲ့အကြောင်း ကျနော်တို့ ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်။”

တဖက်ကလည်း မြစ်ဆုံဒေသက ရွာသားပေါင်း ၄၀ ကျော်ဟာ အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်ရာ ဟိုတယ်မှာ ဆန္ဒပြကန့်ကွက်ဖို့ ရောက်လာခဲ့ကြပေမယ့်လည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ပင်တားဆီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တရုတ်နိုင်ငံက CPI ကုမ္ပဏီဟာ မေခ နဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ တည်ဆောက်ပြီး မဂ္ဂါဝပ် ၁၃၃၆၀ ထွက်မယ့် ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က မြန်မာအစိုးရနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဒေသခံတွေကတော့ ရေကာတာတည်ဆောက်ရင် အိုးအိမ်နေရာ ရွှေ့ပြောင်းပေးရမှာ၊ လူမှုစီးပွားဘဝ ထိခိုက်မှာ စိုးရိမ်လို့ တစိုက်မတ်မတ် ကန့်ကွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013