DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်း၂၀ အထက် ဘဏ်စုငွေ အပ်နှံထားသူများ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူနိုင်
DVB
·
January 5, 2018
Donate to DVB

ရန်ကုန်မြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်နေတဲ့ အိမ်ရာတွေကို ကျပ်သိန်း ၂၀ အထက် ဘဏ်မှာ စုဆောင်းထားသူတိုင်း ဝယ်ယူနိုင်ဖို့ လျှော့ချသတ်မှတ် ပေးလိုက်ပါတယ်။

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်း အိမ်ရာတွေကို အရင်က ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အနည်းဆုံး ကျပ်သိန်း ၃၀ စုဆောင်းထားသူတွေကို ရောင်းချပေးခဲ့ရာကနေ ကျပ်သိန်း ၂၀ အထက် စုထားသူတွေကို ရောင်းချပေးဖို့ လျှော့ချပေးလိုက်တာပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ထွန်းက “အိမ်ရာ အမှန်တကယ် လိုအပ်သူတွေ ဝယ်နိုင်အောင် အခုလို လျှော့ချပေးတာပါ။ တချို့တွေက ဘဏ်မှာ စုကြတယ်။ သိန်း ၃၀ ပြည့်ဖို့တော့ အခက်အခဲရှိကြတယ်။ အဲဒီအတွက် သိန်း ၂၀ ကို လျှော့ချတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလျှော့ချလိုက်တဲ့ အစီအစဉ်ကို ၂၀၁၈ ဇန်နဝါရီလမှာ ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူမယ့်သူတွေ အကျုံးဝင်မယ်လို့ သိရပါတယ်။

“ဒီတခေါက်ရောင်းမယ့် အိမ်ရာတွေအတွက် ငွေစုဆောင်းထားသူတွေကစပြီး နောက်ပိုင်း ဝယ်သူလိုသူတွေ အားလုံးအတွက်ကို ဒီအတိုင်း သတ်မှတ်ပေးသွားမှာပါ” လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်မြို့  ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ လှိုင်သာယာတို့မှာ တည်ဆောက်ထားတဲ့ တန်ဖိုးနည်း အိမ်ရာတွေကို ၂၀၁၆ ခုနှစ်က စတင်ရောင်းချခဲ့ပြီး ၂၀၁၇ ခုနှစ်ကလည်း တကြိမ် ရောင်းချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013