DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခု ခွင့်ပြု
DVB
·
January 5, 2018
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခု ခွင့်ပြု
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ၂၀၁၇ သြဂုတ်မှ ၂၀၁၈ ဇန်နဝါရီ ၃ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၇ ခုတို့ကို အတည်ပြုမိန့်တွေ ထုတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

စက်မှုနဲ့ အခြားဝန်ဆောင်မှုကဏ္ဍတွေမှာ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတို့က  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုတို့ကို အတည်ပြုခဲ့တာဖြစ်ပြီး မတည်ငွေရင်းပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၄၃၅ သန်းနဲ့ ကျပ်ငွေ ၈၇၁၉ ဒသမ ၂၂ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း ၁၀၃၆၄ ဦးအတွက် ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ  အစည်းအဝေးမှာလည်း ပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅၆ သန်းရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုကို အတည်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၁၁၂၄ ဦးအတွက် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ ၅ သန်း သို့မဟုတ် ကျပ်သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအနေနဲ့  တိုင်းအစိုးရထံမှာ လျှောက်ထားနိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ဓာတ်ပုံ - ရန်ကုန်တိုင်းအစိုးရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013