DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းမိ
DVB
·
January 5, 2018
သက်ငယ်မုဒိမ်းမှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ဖမ်းမိ
Donate to DVB

ရှမ်းပြည်​နယ်​ ​တောင်​ပိုင်း အောင်ပန်းမြို့ အမှတ် ၃ ရပ်ကွက် တွင် ဇန်​နဝါရီ ၂ ရက်​​နေ့က သက်ငယ်မုဒိမ်းကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံကို ဇန်နဝါရီ ၄ ရက် နေ့လယ် ၁၂ နာရီ အချိန်လောက်က ဖမ်းဆီးရမိပြီဖြစ်​ပါတယ်။

"PNA အသွင်ပြောင်းပြည်သူစစ်တွေနဲ့ တာဝန်​သိပြည်​သူ​တွေက တက်တက်ကြွကြွ ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် တရားခံကို ဖမ်းမိခဲ့ ပါတယ်''လို့ အောင်ပန်းမြို့စခန်းမှူး ရဲအုပ်စိုးဝင်းက ​ပြောပါတယ်​။

ဇန်နဝါရီ ၂ ရက်နေ့က အောင်ပန်းမြို့ အမှတ် ၃ ရပ်ကွက်နေ ဦးထွန်းအေးဟာ အသက် ၇ နှစ်သမီးဖြစ်သူ နေအိမ်မှာ မတွေ့ရှိတဲ့အတွက်​ လိုက်လံရှာဖွေရာ ညီညီဝင်း (ခ) ဖိုးလုံးရဲ့ နေအိမ်မှာ တွေ့ရှိပြီး က​လေးမိန်းမကိုယ်အတွင်းမှ သွေးတွေထွက်နေတာ တွေ့ရှိပြီး မေးမြန်းရာမှ ညီညီဝင်း (ခ) ဖိုးလုံးက က​လေးအိမ်ရှေ့မှာ ဆော့ကစားနေစဉ် ပါးစပ်ပိတ်ခေါ်ဆောင်လာကာ အလိုမတူ သားမယားပြုကျင့်ပြီး ကာလတန်ဖိုး ၄၀၀၀၀ လောက်တန် နားကပ်အား ဖြုတ်ယူကာ ထွက်ပြေးတိမ်းရှောင်​သွားတာ ဖြစ်ပါတယ်။

ထွက်ပြေးသွားတဲ့ ညီညီဝင်းကို အောင်ပန်းမြို့ရဲ့စခန်းက တာဝန်ရှိသူ​တွေနဲ့ PNA အသွင်ပြောင်းဌာနေ ပြည်သူစစ်တို့ပူးပေါင်းပြီး စစ်ဆေးရှာဖွေရာ အောင်ပန်းမြို့ မြို့ဟောင်းရပ်ကွက်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ဒါရိုက်​တာ နန်းမိုးမိုးက “လိင်​ပိုင်းဆိုင်​ရာ သက်​ငယ်​မုဒိမ်းဖြစ်​ရတဲ့ ​နောက်​ကွယ်​မှာ ​ကျူးလွန်​သူ​တွေက တော်​​တော်​များများက မူးယစ်​​ဆေးဝါး သုံးစွဲခြင်း​ကြောင့်ဖြစ်​တာများတယ်​။ သက်​ငယ်​မုဒိမ်း​လျော့ကျဖို့က ကျူးလွန်​တဲ့ကို ဥပ​ဒေအရ ထိထိ​ရောက်​​ရောက် ​အ​ရေးယူဖို့လိုတယ်​။ အခုဟာက သက်​ငယ်​မုဒိမ်းဖြစ်​ပြီဆိုရင်​ မိဘ​တွေ အမှားပဲမြင်​ကြတာ၊ အမှန်​က လိင်​ပိုင်းဆိုင်​ရာ ပညာ​ပေး၊ တရားဥပ​ဒေ စိုးမိုး​ရေးနဲ့ ကျူးလွန်​သူကို​ အ​ရေးယူမှု အားနည်းတဲ့အတွက်​ဖြစ်​တာလို့မြင်​တယ်​” လို့​ပြောပါတယ်​။

မုဒိမ်းကျင့်​ခံရတဲ့ ကလေးငယ်မှာ တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံမှာ တက်ရောက် ဆေးကုသနေပြီး မိဘကနွမ်းပါးလို့ အောင်ပန်းရဲစခန်းမှူးနဲ့ မြို့က အလှူရှင်​​တွေ ကူညီထောက်ပံ့ခဲ့​ကြောင်း သိရပါတယ်​။

"ကျနော်ဆီမှာ လာလူကြတာ ၁၂ သိန်းရှိတယ်။ ကလေးရဲ့ အနာဂတ်ဘဝ မြှင့်တင်ဖို့အတွက် အမျိုးသမီးရေးရာအဖွဲ့ကို ချိတ်ဆက်ပြီး လုပ်ဆောင်ပေးတာတွေရှိတယ်” လို့ ​အောင်​ပန်း ရဲစခန်းစခန်းမှူးက ပြောပါတယ်​။

ဖမ်းမိထားတဲ့ တရားခံ ညီညီဝင်း(ခ)ဖိုးလုံး ၃၈နှစ်အား အောင်ပန်းနယ်မြေရဲစခန်း မုဒိမ်းမှု ပုဒ်မ ၃၇၆၊ အရွယ်​မ​ရောက်​​သေးတဲ့က​လေး အုပ်​ထိန်းသူထံ ခိုးယူမှု ပုဒ်မ ၃၆၃ နဲ့ ပစ္စည်းကို လုယက်​ခိုးယူမှု ပုဒ်မ ၃၆၉ တို့နဲ့ အ​ရေးယူထား​ကြောင်း သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013