DVB Logo
Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ မုံရွာတွင် ပြုလုပ် (သတင်းဓာတ်ပုံ)
DVB
·
January 5, 2018
၂၁ ရာစု ပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ မုံရွာတွင် ပြုလုပ် (သတင်းဓာတ်ပုံ)
1 / 11
Donate to DVB

၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီ ၅ ရက်က မုံရွာမြို့မှာ မြို့တွင်း လှည့်လည် ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ဒီပွဲမှာ စစ်ကိုင်းတိုင်းအတွင်းက အန်အယ်လ်ဒီပါတီဝင်တွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေ၊ အနုပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုရေးအသင်းအဖွဲ့နဲ့ ပြည်သူတွေ စုပေါင်းကာ အင်အား ၁ထောင်ကျော်၊ ကားအစီးရေ ၁၀၀ ကျော်၊ ဆိုင်ကယ်အစီးရေ ၅၀ ကျော်နဲ့ ပါဝင်ခဲ့ကြတာပါ။

ဒီကြိုဆိုထောက်ခံပွဲကို မုံရွာမြို့ ပြည်သူ့အားကစားကွင်းကနေ စတင်ကာ ဗိုလ်ချုပ်လမ်း၊ မြို့ပတ်လမ်း၊ ပြည်ထောင်စုလမ်း၊ တမာတန်းလမ်းတို့အတိုင်း လှည့်လည်ခဲ့ကြပြီး အနုပညာရှင်တွေကလည်း တေးသီချင်းတွေနဲ့ ဖျော်ဖြေကာ အားကစားကွင်းမှာ ပြန်လည် အဆုံးသတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ မုံရွာမြို့ခံ ကဗျာဆရာကြီး ဦးအံ့မောင်၊ စာရေးဆရာ ဇော်ခိုင်ဦးတို့ရဲ့ စာပေဟောပြောပွဲတွေကို ပြုလုပ်သွားမှာဖြစ်ပြီး ညနေပိုင်းမှာ လူရွှင်တော် FC၊ လွှတ်တော် FC၊ မြို့နယ် NLD၊ အနုပညာရှင်အသင်းတို့ရဲ့ ချစ်ကြည်ရေးဘောလုံးပွဲတွေ ကျင်းပဖို့ရှိပြီး ညပိုင်းမှာ အနုပညာရှင်တွေကလည်း သီဆိုဖျော်ဖြေဖို့ ရှိပါတယ်။

မုံရွာမြို့မှာတော့ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြိုဆိုထောက်ခံပွဲတွေကို မကြာမကြာ ပြုလုပ်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013