
ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရဲတပ်ဖွဲ့က လူဆိုး လူမိုက်တွေကို လင်းယုန်စီမံချက်နဲ့ အရေးယူနေပြီး အများပြည်သူတွေအနေနဲ့ ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။
တိုင်းရဲတပ်ဖွဲ့အနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေထဲမှာ အများပြည်သူ စိုးရိမ်ကြောက်ရွံ့နေရတဲ့ လူဆိုး လူမိုက်တွေ၊ ဆိုးသွမ်းရမ်းကားသူတွေနဲ့ ပြစ်မှုကျူးလွန်တတ်သူတွေကို စီမံချက်နဲ့ အရှိန်မြှင့် ဖမ်းဆီးအရေးယူနေတယ်လို့ဆိုပါတယ်။
အများပြည်သူအနေနဲ့ သတင်းရရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး- ၁၉၉၊ ၀၁-၂၃၂၃၁၉၉၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး- ၀၁-၈၆၁၀၆၈၂၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး- ၀၁-၆၄၅၈၂၃၊ ၀၁-၆၄၅၈၂၄၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း- ၀၁-၅၉၀၀၉၃၊ လှိုင်သာယာမြို့မရဲစခန်း- ၀၁-၆၄၅၀၁၆ ရွှေပြည်သာမြို့မရဲစခန်း- ၀၁-၆၁၀၆၆၇၊ အင်းစိန်မြို့မရဲစခန်း- ၀၁-၆၄၅၈၁၉၊ မင်္ဂလာဒုံမြို့မရဲစခန်း- ၀၁-၆၃၅၀၇၄ တို့ကို ဆက်သွယ် သတင်းပို့ကြဖို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo : Yangon Police











