DVB Logo
Home
မြန်မာသတင်း
အီးယူအကြီးအကဲ အန်အယ်လ်ဒီနှင့် တွေ့ဆုံ
DVB
·
April 28, 2012
အီးယူအကြီးအကဲ အန်အယ်လ်ဒီနှင့် တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ မစ္စကက်သလင်းအက်ရှ်တန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို လာရောက်ပြီး ပါတီခေါင်းဆောင်တွေအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပါတယ်။

[caption id="attachment_24673" align="alignleft" width="300" caption="သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

မစ္စစ်ကက်သလင်းအက်ရှ်တွန် အပါအ၀င် ၁၅ ဦးပါ အီးယူအဖွဲ့ ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင်ေ တွ၊ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ အမတ် ၃၀ ခန့်ကို လာရောက်တွေ့ဆြုံ ပီး ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံတွေ ကို မေးမြန်းခဲ့တယ် လို့ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“ရွေးကောက်ပွဲ မှာ အောင်မြင်အောင်   ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေ ကို မေးပါတယ်။ စိတ်ဝင်စား ခံရတာတော့ နေပြည်တော်က ဦးနိုင်ငံလင်းပေါ့။  နေပြည်တော်မှာပဲ အောင်နိုင်ရေး အတွက် တကယ့်ကို ပြည်သူလူထုနဲ့ ထိတွေ့ပြီးတော့ ဘယ်လိုမဲဆွယ်ခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်။ မိတ္ထီလာက ဦးဝင်းထိန်၊ သုံးခွက ဒေါ်စုစုလွင်၊ စတဲ့ပုဂ္ဂိုလ်တွေကလည်း ရှင်းပြပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအ၀င်ပေါ့။ ယခင့်ယခင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သဘာပတိ အဖွဲ့ဝင် ဆရာဦးဝင်းတင်ကို မေးပါတယ်။ ဆရာဦးဝင်းတင်ကလည်း အတိတ်ကရွေးကောက်ပွဲတွေအကြောင်း၊ အခုရွေးကောက်ပွဲမှာ ဘာကြောင့် တခဲနက် ဆန္ဒမဲတွေ ပေးခဲ့ကြတယ်ဆိုတာကို ​ရှင်းပြပါတယ်။”

ဒီနောက် မစ္စကက်သလင်းအက်ရှ်တွန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပါတီဌာနချုပ် အောက်ထပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ အီးယူအဆင့်မြင့်အရာရှိက မြန်မာနိုင်ငံမှာ အီးယူရုံးဖွင့်လှစ်ဖို့ လာရောက်တယ် ဆိုတဲ့ ကိစ္စရယ် မြန်မာပြည်ကိုအီးယူက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကူအညီ ပေးသွားမယ့် အကြောင်း၊ မြန်မာပြည်မှာ ဖြစ်ထွန်းမှုတွေကြောင့် အီးယူက ပိတ်ဆို့ဒဏ်ခတ်မှုကို ၁ နှစ်ဆိုင်းငံ့ဖို့ ဆုံးဖြတ်ပေးခဲ့သလို ဒါဟာလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်ဖြစ်စေဖို့ တွန်းအားပေးဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တဲ့ အကြောင်း ဖြေဆိုပါတယ်။

သတင်းထောက်တွေရဲ့ မေးမြန်းချက်မှာ ဘယ်လိုအကူအညီပေးမှာလဲ ဆိုတာနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးမယ်ဆိုတာကို ထည့်ပြောတယ်လို့ ဆိုပါတယ်။

“အလှူငွေ သန်းပေါင်းရာနဲ့ချီပြီးတော့ ထောက်ပံ့မှုတွေ ပေးဖို့အစီအစဉ် ရှိတဲ့အကြောင်း၊ အဲဒါတွေက အဓိကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ပိုပြီး စိတ်ဝင်တစား ရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံက အဓိက လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် ပြည်သူလူထုကြား ကျေးလက်မှာ အခြေစိုက်နေထိုင်တာဖြစ်ကြောင်း” အဲဒါတွေ ပြောပါတယ်။

သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်နဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရအမတ်တချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013