DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လင်းယုန်စီမံချက်ဖြင့် ခိုးဆိုးလုနှိုက်မှု ၆၀ ခန့် အရေးယူထား
DVB
·
January 5, 2018
ရန်ကုန်တွင် လင်းယုန်စီမံချက်ဖြင့် ခိုးဆိုးလုနှိုက်မှု ၆၀ ခန့် အရေးယူထား
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ စိုးရိမ်ကြောက်ရွံ့နေရတဲ့  လူဆိုးလူမိုက်တွေနဲ့ ဆိုးသွမ်းရမ်းကားသူတွေကို တိုင်းရဲတပ်ဖွဲ့က  လင်းယုန်စီမံချက်နဲ့ ဖမ်းဆီး အရေးယူနေရာမှာ ဇန်နဝါရီ ၃ ရက်အထိ အမှုပေါင်း ၆၀ လောက် အရေးယူခဲ့ပါတယ်။

စီမံချက် စတင်ခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး ၃ ရက်အတွင်း အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဒုစရိုက်မှု ကျူးလွန်တတ်သူတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့်၅၄နဲ့ ၁ မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့်၅၄ နဲ့ ၁ မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ ၁ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င) နဲ့ ၁ မှု၊ ရဲအက်ဥပဒေနဲ့ ၂ မှု အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြပါတယ်။

အလားတူ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း ရဲအက်ဥပဒေနဲ့ ၄ မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ ၃ မှု၊ လောင်းကစားဥပဒေနဲ့ ၁ မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့်၅၄ နဲ့ ၁ မှု၊ တရားခံပြေးနဲ့ ၁ မှု၊ အင်းစိန်မြို့နယ်အတွင်း ရဲအက်ဥပဒေနဲ့ ၁ မှု၊ မော်တော်ယာဉ်အက်ဥပဒေနဲ့ ၃ မှု၊ တရားခံပြေးနဲ့ ၁ မှု၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရဲအက်ဥပဒေနဲ့ ၂ မှု၊ ယစ်မျိုးဥပဒေနဲ့ ၁ မှု၊ ရွှေပြည်သာမြို့နယ်အတွင်း ယစ်မျိုးဥပဒေနဲ့ ၁ မှု၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနဲ့ ၁ မှု၊ ရဲအက်ဥပဒေနဲ့ ၂ မှု အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဟာ လင်းယုန်စီမံချက်ကို ၂၀၁၈ ဇန်နဝါရီ ၁ ရက်ကနေ  မတ်လ ၃၁ ရက်အထိ လင်းယုန်အဆင့် (၁)၊ ဧပြီ ၁ ရက်ကနေ ဇွန် ၃၀ ရက်အထိ လင်းယုန်အဆင့် (၂)၊ ဇူလိုင် ၁ ရက်ကနေ  စက်တင်ဘာ ၃၀ ရက်ထိ လင်းယုန်အဆင့် (၃)၊ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ လင်းယုန်အဆင့် (၄) ဆိုပြီး အဆင့် ၄ ဆင့်နဲ့ တနှစ်လုံး စီမံချက်ချ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

စီမံချက်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်သူတွေကို  ဖော်ထုတ်ဖမ်းဆီးခြင်း၊ အုပ်စုဖွဲ့ပြီး အများပြည်သူကို အနိုင်ကျင့် ဗိုလ်ကျသူတွေကို ဖမ်းဆီးအရေးယူခြင်း၊ ရဲပြေး တပ်ပြေး စတဲ့ ပြေး ၄ ပြေးတွေကို ဖမ်းဆီးအရေးယူခြင်း၊ ဒုစရိုက်မှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးမှုတွေကို ဖော်ထုတ် ဖမ်းဆီးခြင်းတို့ကိုလည်း ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

Photo : Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013