DVB Logo
Home
မြန်မာသတင်း
အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သူကို အမှုဖွင့်
DVB
·
January 5, 2018
Donate to DVB

ဝမ်းတွင်းမြို့နယ် ရိုးစုံအုပ်စု မကျည်းအုပ်ရွာ အလှူအိမ်မှာ ကူညီနေတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို တောထဲခေါ်ပြီး အဓမ္မပြုကျင့်သူကို မနေ့က ဖမ်းဆီး အမှုဖွင့်လိုက်တယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

မကျည်းအုပ်ရွာက အလှူတခုကို အသက် ၁၅ နှစ်အရွယ် မိန်းကလေးနဲ့ မိခင်ဖြစ်သူတို့ အတူလာကြပြီး ကျေးလက်ဓလေ့အရ ကူညီလုပ်ဆောင်ပေးဖို့ သမီးဖြစ်သူအား အလှူအိမ်မှာ ထားခဲ့တယ်လို့ ဆိုပါတယ်။

မိန်းကလေးငယ်ဟာ အလှူအိမ်နဲ့ ဆွေမျိုးတော်တဲ့ နေအိမ်ကို ထမင်းသွားပို့ပြီး အပြန်လမ်းမှာ စွန်ချောင်းရွာနေသူ မောင်ကြံက တောထဲ ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ မိခင်ဖြစ်သူက အမှုလာဖွင့်ကြောင်း ဝမ်းတွင်းမြို့မရဲစခန်း အမှုစစ်တပ်ကြပ်ကြီး ကျော်လင်းက ပြောပါတယ်။

"အလှူအိမ်မှာပဲ လူတွေ စုနေတာရယ်၊ အိမ်ဆက်ကလည်း ပြတ်တော့ ပွေ့ချီသွားတာ မသိလိုက်ဘူးပေါ့။ မအော်နိုင်အောင် ပါးစပ်ကို လက်နဲ့ပိတ်ထားပြီး ခြိမ်းခြောက်တယ်တဲ့။ မနေ့က ဖြစ်ခဲ့တာပါ။ ဒီနေ့ အမှုလာဖွင့်တယ်၊ တရားခံကို ဖမ်းမိထားပါပြီ" လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက မောင်ကြံအား အဓမ္မပြုကျင့်မှု၊ အုပ်ထိန်းခြင်း မကင်းလွတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ နဲ့ ဖမ်းဆီးအမှုဖွင့်ပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013