DVB Logo
Home
မြန်မာသတင်း
ဖားကန့် မြေစာပုံပြိုကျ အမျိုးသား ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
January 5, 2018
ဖားကန့် မြေစာပုံပြိုကျ အမျိုးသား ၆ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ  ၄ ရက် ညနေ ၃ နာရီလောက်က ဖားကန့် ကျောက်စိမ်းတွင်းဒေသ မော်ဝမ်းရပ်ကွက် မော်မောင်းဘွမ် မှော်ရွာအောက်ဘက်မှာ ရှိတဲ့ ဂျိတ်လင်းကုမ္ပဏီရဲ့ ပုဂ္ဂလိက လုပ်ကွက်အမှတ် (၅၃) က စွန့်ပစ်မြေစာပြိုကျလို့ ရေမဆေးကျောက် ရှာဖွေနေသူ ခြောက်ဦး သေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း ဖားကန့်ဒေသမှာ မိုးနှစ်ရက် ဆက်တိုက်ရွာသွန်းခဲ့လို့ စွန့်ပစ်မြေစာပုံဟောင်းတချို့ ပြိုကျနေတယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖားကန့် ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်း ပြိုကျရာမှ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသား ခြောက်ဦး သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရပြန်ကြားရေးကလည်း အတည်ပြု သတင်းထုတ်ပြန်ထားတယ်။

ဖားကန့်မြို့နယ် မော်မောင်းဘွမ်ရွာ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာရှိ ဂျိတ်လင်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းမှာ ကျောက်စိမ်းရှာဖွေနေကြသူတွေ အပေါ်ကို “နဂါးကိုးကောင်(ခ)မိုင်းဧရာ” ကျောက်မျက်လုပ်ကွက်ဟောင်းမှ အရှည်ပေ ၂ဝဝ ၊ အမြင့်ပေ ၁၅ဝ ခန့်ရှိ မြေစာပုံဟောင်း ပြိုကျခဲ့တာလို့ ဆိုပါတယ်။

မြေစာပုံပြိုကျမှုကြောင့် မော်မောင်းဘွမ်နဲ့ မော်ဝမ်းကလေးရွာသားတွေ ဖြစ်တဲ့ မောင်ခွမ်ဆိုင်း (၂၇-နှစ်)၊ ဦးအင်ဒိန်နော် (၄၅-နှစ်)၊ မောင်သားငယ် (၂၅-နှစ်)၊ မောင်ခွန်အောင် (၂၆-နှစ်)၊ မောင်မန်ကောင်းနော် (၂၈-နှစ်)၊ မောင်ဆိုင်းအောင် (၂၄-နှစ်) သေဆုံးပြီး ဦးဆင်ဝါးနော် (၄၅-နှစ်)မှာ ဒဏ်ရာရသွားလို့ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း- ဇော်မိုးထက်၊ ဓာတ်ပုံ-ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013