DVB Logo
Home
မြန်မာသတင်း
ပိန်းဇလုတ်မြို့တွင် ထော်လာဂျီနှင့် ဆိုင်ကယ် တိုက်မိ၊ ၂ ဦး သေဆုံး
DVB
·
January 5, 2018
ပိန်းဇလုတ်မြို့တွင် ထော်လာဂျီနှင့် ဆိုင်ကယ် တိုက်မိ၊ ၂ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဇန်နဝါရီ ၄ ရက် ရက် မွန်းလွဲပိုင်းက ထော်လာဂျီနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာက  ၂ ဦး သေဆုံးတယ်လို့ နယ်မြေစခန်းမှူးက ပြောပါတယ်။

ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၄/၄ အနီး ထိန်တပင်ကျေးရွာထိပ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကျော်မင်းစိန် ထော်နွတ်ကျေးရွာနေသူ မောင်းနှင်လာတဲ့ ထော်လာဂျီယာဉ်နဲ့ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ဆိုင်ကယ်တို့ လမ်းအလယ်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းလာတဲ့ ဦးဌေးနိုင်နဲ့ နောက်က စီးနင်းလိုက်ပါလာတဲ့ ဒေါ်ဟန်(ခ)ဒေါ်သန်းသန်းအေးတို့ ယာဘက်ပါးပေါက်ပြဲ၊ နဖူးကွဲ ခြေသလုံးပေါက်ပြဲကာ နှုတ်ခမ်းကွဲ စတဲ့ ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပိန်းဇလုတ်မြို့နယ်မြေစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းက “မျက်နာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်သမား နှစ်ယောက်တော့ သေဆုံးသွားတယ်ဗျ။ ထိန်တပင်ထိပ်နားမှာ ဖြစ်သွားတာပါ။ ကားသမားကိုတော့ ဖမ်းဆီးထားပြီး အမှုဖွင့်ထားလိုက်ပါပြီ။ မနက်ဖြန် ရမန်ယူဖို့ စီစဉ်ထားတယ်”လို့  ဒီဗွီဘီကို ပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး လူသေစေလောက်အောင် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းကျော်မင်းစိန်နဲ့ ဦးဌေးနိုင်တို့အား ပိန်းဇလုတ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုဖြင့် လူသေစေမှု)နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ – နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013