DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ပြန်ဝင်လာသည့် ဘင်္ဂါလီ ၂ ဦးအား ဖမ်းဆီး
DVB
·
January 4, 2018
ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ပြန်ဝင်လာသည့် ဘင်္ဂါလီ ၂ ဦးအား ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း တရိန်း ရခိုင်ကျေးရွာအနီးမှာ မောင်တောမြို့ အမှတ် ၅ ရပ်ကွက်နေ ဘင်္ဂါလီနှစ်ဦးအား တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်လည်ခိုးဝင်လာစဉ် ရွာသားတွေက ဖမ်းဆီးပြီး ရဲလက် အပ်နှံခဲ့ပါတယ်။

တရိမ်းရဲကင်းစခန်း တာဝန်ကျတဦးက "ရွာသားတွေက ခေါ်ပြီးတော့ စခန်းမှာလာအပ်တာ။ ဖမ်းမိတာတော့ ဟုတ်တယ်။ အချိန်က ၁၁ နာရီ ၂၅ မိနစ်လောက်မှာ ဖမ်းမိတယ်။ ရွာသားတွေပဲ ဖမ်းလာပေးတာ။ အဲဒါ ကျနော်တို့ ရဲကင်းမှာ လာအပ်တာ။ ကျနော်တို့ကတဆင့် ကျနော်တို့အထက်လူကြီးကို သတင်းပို့ပြီးတော့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ စခန်းကို ပို့လိုက်တယ်။ သူတို့ဆီမှာ ဆင်းကတ်မပါတဲ့ ဖုန်းတွေပါတယ်။ တခြား ဘာမှမပါဘူး" လို့ ပြောပါတယ်။

တရိန်းရခိုင်ရွာနဲ့ ၃ ဖာလုံလောက်အကွာ တောင်ပြိုကားလမ်းပေါ်ရှိ ငှက်ပျောချောင်း တောတန်းအနီး မသင်္ကာဖွယ်ရာ သွားလာနေတဲ့ ဘဂါင်္လီနှစ်ဦးကို သာယာကုန်း ရခိုင်ကျေးရွာသားနှစ်ဦးက မြင်တွေ့ခဲ့လို့ ရဲကိုအကြောင်းကြားပြီး ဖမ်းဆီးကြတာပါ။

တရိမ်းကျေးရွာသားတဦးဖြစ်တဲ့ ကိုထွန်းလှက “ကျနော်တို့ အဲဒီဘင်္ဂါလီ ၂ ဦးကို ဝိုင်းဖမ်းကြပြီး တရိမ်းကျေးရွာမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီ အပ်နှံခဲ့ကြတာပါ။ သူတို့ ၂ ဦးကို စစ်ဆေးတော့ မောင်တောမြို့ ၅ ရပ်ကွက်ကလို့ ထွက်ဆိုကြပါတယ်။ သူတို့မှာ ဖုန်း ၃ လုံး ပါလာပါတယ်။ ဘင်္ဂလားဖုန်းတွေ ဖြစ်ပါတယ်။ ဖမ်းမိတာကတော့ နယ်မြေ ၄ ပါ။ အဲဒီ ခိုးဝင်ဘင်္ဂါလီ ၂ ဦးကိုတော့ ကြိမ်ချောင်းရဲစခန်းကို လွှဲ​ပြောင်းလိုက်တယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ဖမ်းမိသူ ၂ ဦးဟာ မောင်တောမြို့ ၅ ရပ်ကွက်နေ အိုစ်မာဆာတိတ် (၁၈ နှစ်) (ဘ) ဦးဝါကရီနဲ့ အိုကာဆဲ့ (၁၈ နှစ်) (ဘ) ဇာလာတို့ ဖြစ်ကြပြီး သူတို့ကို လ.ဝ.က ဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

မောင်တောမြို့ သက်ကိုင်ညှာကျေးရွာနားမှာလည်း ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဘင်္ဂါလီတွေ ပြန်လည်ဝင်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူထားကြပြီး ဇန်နဝါရီလကုန်ပိုင်းမှာ စတင် အကောင်အထည်ဖော်ဖို့ ရှိနေပါတယ်။

ဘင်္ဂါလီတွေ ပြန်လည်ခိုးဝင်လာတာနဲ့ပတ်သက်လို့ မြို့ခံတိုင်းရင်းသားတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေကြပြီး အထူးသဖြင့် ခြံစည်းရိုးအကာအရံ လုံခြုံမှုရှိဖို့နဲ့ ခေတ်မီနည်းစနစ်တခုဖြစ်တဲ့ CCTV နဲ့ စောင့်ကြည့်တာတွေ လုပ်သင့်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

သတင်း - မင်းကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013