DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေးအားဝိုင်းဝန်းထိုးကြိတ်သတ်ခဲ့သူ ၃ ဦးကို မိဘများက ရဲစခန်းလာရောက်အပ်နှံ
DVB
·
January 4, 2018
အောင်ရဲထွေးအားဝိုင်းဝန်းထိုးကြိတ်သတ်ခဲ့သူ ၃ ဦးကို မိဘများက ရဲစခန်းလာရောက်အပ်နှံ
Donate to DVB

ဟာသသရုပ်ဆောင် ရဲထွေးအောင် (ခ)အောင်ရဲထွေး ၀ိုင်းဝန်းထိုးကြိတ်အသတ်ခံရမှုမှာ ပါဝင် ပြစ်မှုကျူးလွန်ခဲ့သူ ၃ဦးကို မိဘတွေက ရဲစခန်းမှာ လာရောက်အပ်နှံသွားကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က  သတင်းထုတ်ပြန်ပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေမှာ ဟာသသရုပ်ဆောင်အဖြစ် လူသိများလာတဲ့ ရဲထွေးအောင်(ခ)အောင်ရဲထွေးဟာ နှစ်သစ်ကူးညက လုပ်တဲ့ ပါတီပွဲတခုမှာ လူ ၃ယောက်က ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခံရာကနေ ရရှိတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျုးလွန်သူ သန်းထွဋ်အောင်(ခ)သားကြီး ၂၆ နှစ်ကို ဖခင်ဖြစ်သူက  သုဝဏ္ဏနယ်မြေရဲစခန်းသို့ ဇန်န၀ါရီ ၃ ရက်မှာ လာရောက်ပို့အပ်လို့  ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄အမှုနဲ့ ဖမ်းဆီးခဲ့တယ်။

သန်းထွဋ်အောင်(ခ)သားကြီးရဲ့  ထွက်ဆိုချက်အရပြစ်မှုကျူးလွန်ရာမှာ ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေးနဲ့  သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇောဟန်(ခ) ကျော်ဇောတို့ အတူပါဝင်ခဲ့ကြောင်း သိရတယ်။

၎င်းတို့ ၃ ဦးမှာ ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီလောက်က The One Entertainment ဝင်းမှာ ပြုလုပ်တဲ့  The Space  ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်မှာ ကခုန်နေတဲ့ အမျိုးသားဟာ ယခင်ကခိုက်ရန် ဖြစ်ခဲ့ဖူးသူတဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာ  စင်ပေါ်သို့တက်ပြီး ဝိုင်းဝန်းထိုးကြိတ်ခြေထောက်နဲ့ ကန်ကြောက်ခဲ့လို့  အဆိုပါအမျိုးသားမှာ လဲကျသွားတယ်လို့ ထွက်ဆိုခဲ့တယ်လို့လည်းဆိုပါတယ်။

ပြည့်ဖြိုးအောင်(ခ)အောင်လေးကို မိခင်ဖြစ်သူက ဇန်န၀ါရီ ၃ ရက်မှာ ရဲစခန်းကို လာပို့ခဲ့ပြီး ကျော်ဇောဟန်(ခ) ကျော်ဇောကိုလည်း သူ့မိဘတွေက ဇန်န၀ါရီ ၄ ရက်မှာ လာပို့သွားကြတယ်လို့ တိုင်းရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013