DVB Logo
Home
မြန်မာသတင်း
ရေနေနို့တိုက်သတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ပါက အရေးယူမည်
DVB
·
January 4, 2018
ရေနေနို့တိုက်သတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ပါက အရေးယူမည်
Donate to DVB

ဧရာဝတီလင်းပိုင်တွေ အပါအ၀င် ရေနေ နို့တိုက်သတ္တဝါတွေကို  ဖမ်းဆီးသတ်ဖြတ် ရောင်းချရင် ဥပဒေနဲ့ အညီ အရေးယူသွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ဇန်နဝါရီ ၂ ရက်စွဲနဲ့ ပန်ကြားချက် ထုတ်ပြန်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းမှာ နေထိုင်ကျက်စားတဲ့ ရှားပါးမျိုးသုဉ်း ပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ဧရာဝတီလင်းပိုင်၊ ကျောဘို့ပါလင်းပိုင်၊ လင်းရှူး၊၊ ရေဝက်၊ ဘရိုင်းဝေလငါး၊ ဝေလငါးပြာ၊ ဖယောင်းဆီထုတ် ခေါင်းကြီး ဝေလငါး၊ ကျောရိုး ဆူးတောင်ကြီး ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ်၊ ဒဏ်ရာအနာတရဖြစ်စေတာ၊ အနှောင့်အယှက်ပြုတာ၊ လက်ဝယ်ထားရှိတာ၊ သယ်ယူလွှဲပြောင်းရောင်းချတာနဲ့ ထောက်ခံချက်မရှိဘဲ ပြည်ပတင်ပို့တာမလုပ်ကြဖို့နဲ့ အသက်ရှင်လျက် ဖမ်းဆီးရမိပါက အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဆိုပါပန်ကြားချက်ကို လိုက်နာခြင်းမရှိပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-WWF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013