DVB Logo
Home
မြန်မာသတင်း
ဝတ္တရားနှောင့်ယှက်မှုဖြင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးကို မိတ္ထီလာစည်ပင် အမှုဖွင့်
DVB
·
January 4, 2018
ဝတ္တရားနှောင့်ယှက်မှုဖြင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးကို မိတ္ထီလာစည်ပင် အမှုဖွင့်
Donate to DVB

မိတ္ထီလာမြို့နယ် စည်ပင်သာယာဌာန အမှုဆောင်အရာရှိက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို အလုပ်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ အမှုဖွင့်တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။

ကိုအောင်နန်းထူး၊ မသင်းသင်းမာ၊ ဒေါ်နီ၊ ဒေါ်တင်တင်ရွှေတို့ ၄ ဦးဟာ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း တောင်းဆိုရာ ဥက္ကဋ္ဌက စာနဲ့တင်ပြပြီး စာနဲ့ ပြန်အကြောင်းပြန်ပေးမယ်လို့ ပြောဆိုခဲ့လို့ သူတို့ ၄ ဦးက ရုံးထဲက ပြန်မထွက်ဘဲ ဝန်ထမ်းတွေကို ထိခိုက်စေတဲ့ စကားလုံးတွေနဲ့ ဆူပူအော်ဟစ်ခဲ့တာကြောင့် အလုပ်ဝတ္တရား နှောင့်ယှက်မှုနဲ့ အမှုဖွင့်လာတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

“စည်ပင်အမှုဆောင်အရာရှိက တိုင်ချက်ပေးတယ်။ သူကိုယ်တိုင်ပဲ တရားလိုလုပ်တယ်။ ဖြစ်တာက မနေ့က ဖြစ်တာပါ။ ဒီနေ့ အမှုလာဖွင့်တယ်။”

ကိုအောင်နန်းထူး၊ မသင်းသင်းမာ၊ ဒေါ်နီ၊ ဒေါ်တင်တင်ရွှေတို့ ၄ ဦးကို တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်း အလုပ်ဝတ္တရား နှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ (ပ)၂/၂၀၁၈ တို့နဲ့ မိတ္ထီလာမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013