DVB Logo
Home
မြန်မာသတင်း
အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် အကြံပြုစာတမ်းနှစ်စောင် သဘောတူ
DVB
·
January 4, 2018
အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် အကြံပြုစာတမ်းနှစ်စောင် သဘောတူ
Donate to DVB

ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ရဲ့ အကြောင်းအရာ အလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကနေ ၂၁ ရာစု တတိယအကြိမ် ပင်လုံညီလာခံကို တင်သွင်းဖို့အတွက် အကြံပြုစာတမ်းနှစ်စောင်ကို ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီ ၂ ရက်နေ့ကနေ ၃ သုံးရက်နေ့ထိ နှစ်ရက်တာပြုလုပ်တဲ့   ဖိုရမ်မှာဆွေးနွေးအတည်ပြုခဲ့တာလို့ ပြည်ထောင်စုငြိမ်းချမ်းရး ဆွေးနွေးမှုပူးတွဲကော်တီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ အတွင်းရေးမှူးဦးနိုင်ငံလင်းက ဖိုရမ်အပြီး ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“လူမှုရေး ဆိုတဲ့ ခေါင်းစဉ်တခုအပေါ်မှာ အင်တိုက်အားတိုက် ဆွေးနွေးခဲ့ရပါတယ်။ ဒါကြောင့် လူမှုရေးနဲ့ပတ်သက်တဲ့ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက်မူဝါဒစာတမ်းနဲ့ နောက်ပြီးတော့ CSO တွေရဲ့ သဘောဆန္ဒအရ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အကြံပြုချက် မူဝါဒစာတမ်းဆိုပြီး စာတမ်းနှစ်စောင် ထွက်ရှိပါတယ်။ ဒီစာတမ်းတွေကို အခုဆို ကြီးကြပ်ရေးကော်မတီကို အပ်ထားပြီး ဖြစ်ပါတယ်။ အရင် ပထမတကြိမ်တုန်းက ရလဒ်အနေနဲ့ မထွက်ခဲ့ပါဘူး။ ဒီတကြိမ်မှာတော့ ရလဒ်အနေနဲ့ စာတမ်းထွက်တယ်ဆိုတော့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်”

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်တီ (UPDJC)ကနေ လူမှုရေး ကဏ္ဍအတွက် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေး၊ စီးပွားရေးကဏ္ဍမှာ ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကဏ္ဍမှာ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များဆိုပြီး ဆွေးနွေးဖို့ ခေါင်းစဉ်တွေ ချထားပေးတာ ဖြစ်ပါတယ်။

ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက်မူဝါဒစာတမ်းဟာ တချို့ပြည်နယ်နဲ့ တိုင်းတွေအတွက် မဆွေးနွေးနိုင်ခဲ့တာတွေ ရှိတဲ့အတွက် ပြည့်စုံတယ်လို့ မပြောနိုင်သေးသလို ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အကြံပြုချက် မူဝါဒစာတမ်းဟာလည်း မပါသေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရှိနေသေးသလို အကျေအလည် ဆွေးနွေးနေတာတွေ ရှိသေးတဲ့အတွက် အကြံပြုချက်အဆင့်ပဲ ရှိပါသေးတယ်လို့ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီဝင်တဦး ဖြစ်တဲ့ ဒေါ်ခိုင်ခိုင်လဲ့မြင့်က ဆိုပါတယ်။

အခုရရှိလာတဲ့ စာတမ်းနှစ်စောင်ကို နေပြည်တော်ကောင်စီ နယ်မြေကြီးကြပ်ရေးကော်မတီကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးကို ပေးပို့သွားမှာဖြစ်ပြီး လုပ်ငန်းကော်မတီတွေက ဆွေးနွေးမယ်၊ ဆွေးနွေးပြီးသား ပြင်ဆင်ပြီးသား စာတမ်းကိုမှ ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013