DVB Logo
Home
မေးမြန်းခန်း
ဒဏ်ခတ်မှု​လျှော့​ပေး​လိုက်တာဟာ မြန်မာ့​စီး​ပွား​ရေး​တိုး​တက်မှု အ​ထောက်အကူမဖြစ်နိုင်
DVB
·
April 27, 2012
ဒဏ်ခတ်မှု​လျှော့​ပေး​လိုက်တာဟာ မြန်မာ့​စီး​ပွား​ရေး​တိုး​တက်မှု အ​ထောက်အကူမဖြစ်နိုင်
Donate to DVB

မြန်မာနိုင်ငံအ​ပေါ် ​လျှော့​ပေါ့​ပေး​လိုက်တဲ့​ ပိတ်ဆို့​မှု​တွေဟာ မြန်မာ့​စီး​ပွား​ရေး​ ဖွံ့​ဖြိုး​တိုး​တက်မှုကို အ​ထောက်အကူ မဖြစ်နိုင်ဘူး​လို့​စီး​ပွား​ရေး​ပညာရှင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်ညို(​ဘောဂ​ဗေဒ)က ​ပြောဆိုလိုက်ပါတယ်။

ဦး​ခင်​မောင်ညို (​ဘောဂ​ဗေဒ)“ဒီစီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ခြုံပြီး​တော့​ ​ပြောရမယ်ဆိုလို့​ရှိရင် နိုင်ငံရဲ့​ စီး​ပွား​ရေး​အ​ပေါ်မှာ ဘာမှ ထူး​ထူး​ခြား​ခြား​ သက်​ရောက်မှု မရှိဘူး​ဆိုတာ ​ပြောရမှာပဲ။ ဘာဖြစ်လို့​လဲဆို​တော့​ ဩစ​တြေး​လျ ရုပ်တဲ့​ဟာဆိုရင်လည်း​ သူ့​နိုင်ငံက တား​မြစ်ထား​တဲ့​ ပုဂ္ဂိုလ်​တွေကို အဲဒီစာရင်း​က​နေ ၂၀၀ ​လောက်ကို ​လျှော့​ပေး​လိုက်တယ်။ အဲဒါ စီး​ပွား​ရေး​အရ ဘာမှ ထူး​ထူး​ခြား​ခြား​မရှိဘူး​။

“​နော်​ဝေ ဆိုတာလည်း​ မြန်မာနိုင်ငံနဲ့​ ကုန်သွယ်မှု​တွေ အရမ်း​နည်း​တယ်။ ​နောက်တခါ အ​မေရိကန်က ရုပ်​ပေး​လိုက်တာ ဘာ​တွေလဲဆို​တော့​ အရပ်ဘက်အဖွဲ့​အစည်း​တို့​၊​ ဘာသာ​ရေး​အဖွဲ့​အစည်း​တို့​၊​ ​နောက်တခါ အ​ရေး​ပေါ် သဘာဝ​ဘေး​အန္တရာယ် ကျ​ရောက်တဲ့​သူ​တွေကို ကာကွယ်ဖို့​ ဆိုတာမျိုး​။ ဒါမျိုး​ပဲပါတယ်။ ရင်း​နှီး​မြှုပ်နှံဖို့​ ဆိုတဲ့​ဟာ အရင်း​အနှီး​ဝင်လာဖို့​ သူ ခွင့်​ပြုထား​တာ မရှိဘူး​။ ဥ​ရောပကလည်း​ ၁ နှစ်ဆိုင်း​ငံ့​တယ်။ ဥ​ရောပက ၁ နှစ်ဆိုင်း​ငံ့​တယ်ဆိုတာ ဆိုင်း​ငံ့​ဆိုတဲ့​ အဓိပ္ပာယ်က အဓိပ္ပာယ် နှစ်ခွ ထွက်​နေတယ်။ တခုက ဘာလဲဆို​တော့​ အခု ဆိုင်း​ငံ့​တယ် ဒါက ပထမအဆင့်​။ ပြီး​ရင် ဆက်လုပ်မယ်။ ဒါဆိုရင်​တော့​ အ​ကောင်း​သ​ဘော ယူဆလို့​ ရတယ်။ ​နောက်တမျိုး​က အဆိုး​ဘက်က တွက်မယ်ဆိုရင် အခု ဆိုင်း​ငံ့​တယ် ​နောက် ပြန်လုပ်ချင် လုပ်မယ်ဆိုတဲ့​ အဓိပ္ပာယ်။ သူ့​ဟာက ၅၀-၅၀ ဆိုတဲ့​ အဓိပ္ပာယ် ထွက်​နေတယ်။ အဲဒီလိုဟာကို ရင်း​နှီး​မြှုပ်နှံသူက ဘယ်လို အဓိပ္ပာယ်​ကောက်မလဲ။ ဥ​ရောပ ရင်း​နှီး​မြှုပ်နှံတဲ့​သူအ​နေနဲ့​ စိတ်ချလက်ချ လာပြီး​တော့​ ရင်း​နှီး​မြှုပ်နှံနိုင်တဲ့​ အ​နေအထား​ မရှိ​သေး​ဘူး​။”

ဂျပန်နိုင်ငံကို မြန်မာနိုင်ငံက ​ပေး​ရမယ့်​ ​ကြွေး​မြီ​တွေကို အခုရက်ပိုင်း​မှာ ​လျော်​ပေး​ခဲ့​တာ​တွေ ဖြစ်ခဲ့​ပြီး​ နိုင်ငံခြား​အကူအညီ​တွေကို ပြန်လည်​ပေး​မယ်လို့​ ဂျပန်အစိုး​ရက ​ပြောဆိုခဲ့​ပါတယ်။

“၄၀ ရာခိုင်နှုန်း​လောက်ကျန်တယ်။ အဲဒီ ၄၀ ရာခိုင်နှုန်း​လောက် ကျန်တဲ့​ဟာက ဆရာတို့​က သူတို့​ကို ပြန်ဆပ်ရမယ်။ ဆပ်နိုင်​အောင် သူက ​ချေး​မယ်။ သူက ​ချေး​ပြီး​တော့​ ဆရာတို့​က သူ့​တိုကို ပြန်ဆပ်ရမယ်။ အဲဒီကျမှ ​နောက်တ​ကျော့​တွေ ​နောက်ထပ် ​ချေး​ငွေ​ပေး​မယ်​ပေါ့​နော် အတိုး​သက်သက်သာသာနဲ့​ ​ပေး​မယ်။ ဒီလိုဟာမျိုး​ဆို​တော့​ အပြင်အ​ပေါ်မှာ ဘာမှ အကျိုး​သက်​ရောက်မှု ရှိမယ် မထင်ဘူး​။ အစိုး​ရအချင်း​ချင်း​ပေး​တဲ့​ အကူအညီ တချို့​ပြန်​ပေး​မယ်လို့​ ဆိုတယ်။ အဲဒီ​တော့​ ဂျပန်က အခုသိရတာက​တော့​ နည်း​ပညာအကူအညီရှိတယ်။ ​နောက်တခုက တိုင်း​ရင်း​သား​အဖွဲ့​ ၃ ဖွဲ့​ အခု ဂျပန်မှာ ​ရောက်​နေကြတယ်ဆို​တော့​ တိုင်း​ရင်း​သား​တွေကို တိုင်း​ရင်း​သား​တွေရဲ့​ ပြန်လည်ထူ​ထောင်​ရေး​ လုပ်ငန်း​တွေမှာ ​ပေး​မယ်။ စီး​ပွား​ရေး​အရ ရင်း​နှီး​မြှုပ်နှံတာက အခု စီပွား​ရေး​ပိတ်ဆို့​မှု​တွေ ရုပ်သိမ်း​တဲ့​အခါမှာ အခုအချိန်အထိ ဘာမှ တစုံတရာ အကျိုး​သက်​ရောက်နိုင်တာ မ​တွေ့​ရဘူး​။”

မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရမှု အ​ခြေအ​နေ​တွေ​ကြောင့်​ အ​မေရိကန်၊​ ဥ​ရောပနိုင်ငံ​တွေနဲ့​ အ​နောက်နိုင်ငံတချို့​က စီး​ပွား​ရေး​ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေ၊​ စစ်လက်နက်ပစ္စည်း​ရောင်း​ချမှု​တွေကို ကန့်​သတ်တာ​တွေနဲ့​ လူပုဂ္ဂိုလ်​တွေကို ပြည်ဝင်ခွင့်​ ကန့်​သတ်တာ​တွေ ပြုလုပ်ခဲ့​တာ ဖြစ်ပါတယ်။ အစိုး​ရသစ်တက်လာပြီး​ ​နောက်ပိုင်း​မှာမှ နိုင်ငံ​ရေး​အ​ခြေအ​နေ အ​ပြောင်း​အလဲ​တွေကို ကြည့်​ပြီး​ စီး​ပွား​ရေး​ပိတ်ဆို့​မှု တချို့​ကို ဖြည်​လျှော့​ပေး​ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013