DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့အခမ်းအနား နေပြည်တော်၌ကျင်းပ၊ နိုင်ငံနှင့်လျော်ကန်သည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေးကြိုးပမ်းမည်ဟု သမ္မတပြော (ဓာတ်ပုံ)
DVB
·
January 4, 2018
လွတ်လပ်ရေးနေ့အခမ်းအနား နေပြည်တော်၌ကျင်းပ၊ နိုင်ငံနှင့်လျော်ကန်သည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေးကြိုးပမ်းမည်ဟု သမ္မတပြော (ဓာတ်ပုံ)
1 / 8
Donate to DVB

၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကိုကနေ့မနက်က နေပြည်တော်ရှိ မြို့တော်ခမ်းမမှာ ကျင်းပသွားရာမှာ နိုင်ငံတော်နဲ့ လျော်ကန်သင့်မြတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးကြိုးပမ်းသွားမယ်လို့ သမ္မတ ဦးထင်ကျော်ကပြောကြားလိုက်ပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေနဲ့ တပ်မတော် အရာရှိကြီးတွေနဲ့ တခြားဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတ ပေးပို့တဲ့ သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။

သမ္မတရဲ့ သဝဏ်လွှာမှာတော့ နိုင်ငံနဲ့ လျော်ကန်သင့်မြတ်တဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်လာစေဖို့ ဝိုင်းဝန်းဆောင်ရွက်သွားရမယ်လို့ ပြောကြားသွားပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုတဲ့ မူတွေအပေါ် အခြေခံတဲ့ ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေးကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တာမှာ နိုင်ငံတော်နဲ့ လျော်ကန်သင့်မြတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” လို့ ဒုတိယသမ္မတဦးမြင့်ဆွေက သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ အခြေခံအုတ်မြစ်တွေ ပိုမိုခိုင်မာလာဖို့ ကြိုးပမ်းဆောင်ရွက်တာတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဆောင်ရွက်နေပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာစေရေးကိုလည်း ဦးတည်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013