DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့​ဘဏ်ရုံး​ မြန်မာပြည်တွင် ဖွင့်​မည်
DVB
·
April 27, 2012
ကမ္ဘာ့​ဘဏ်ရုံး​ မြန်မာပြည်တွင် ဖွင့်​မည်
Donate to DVB

မြန်မာပြည်နဲ့​ ဆက်ဆံ​ရေး​ ဖြတ်​တောက်ထား​တာ ဆယ်စုနှစ် နှစ်ခုရှိပြီဖြစ်တဲ့​ ကမ္ဘာ့​ဘဏ်ဟာ မြန်မာပြည်မှာ လာမယ့်​ ဇွန်လထဲ ရုံး​ခန်း​လာဖွင့်​တော့​မယ်လို့​ကြေညာလိုက်ပါတယ်။

ဒါဟာ မြန်မာပြည်မှာ အစိုး​ရသစ်တက်လာတဲ့​နောက်ပိုင်း​ နိုင်ငံတကာ ​ငွေ​ကြေး​အဖွဲ့​အစည်း​တွေက မြန်မာပြည်နဲ့​ ပြန်လည်ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ လုပ်လာတာရဲ့​ ​နောက်ဆုံး​ တိုး​တက်မှုဖြစ်ပါတယ်။

ကမ္ဘာ့​ဘဏ် အ​ရှေ့​အာရှနဲ့​ ပစိဖိတ်​ဒေသ​ရေး​ရာ ဒု - ဥက္ကဋ္ဌ ပါမီလာ ​ကော့​စ် က ကမ္ဘာ့​ဘဏ်က ကျွမ်း​ကျင်သူ​တွေဟာ မြန်မာပြည်က ဖြစ်​ပေါ်တိုး​တက်​နေတဲ့​ အ​ခြေအ​နေ၊​ ဘဏ္ဍာ​ရေး​နဲ့​ စီး​ပွား​ရေး​ စီမံခန့်​ခွဲမှု​တွေအတွက် လိုအပ်ချက်နဲ့​ လုပ်နိုင်တဲ့​ အင်အား​တွေကို သွား​ပြီး​ ​လေ့​လာမယ်လို့​ ဆိုပါတယ်၊​ သူကိုယ်တိုင်လည်း​ မြန်မာပြည်ကို သွား​ရောက်ပြီး​ အစိုး​ရပိုင်း​နဲ့​ ​တွေ့​ဖို့​ ရှိပါတယ်။

ဒါ​ပေမယ့်​ မြန်မာပြည်မှာ ကမ္ဘာ့​ဘဏ်ရဲ့​ အစီအစဉ်​တွေ အပြည့်​အဝ ပြန်စနိုင်ဖို့​ ဆိုရင် မြန်မာပြည်က ကမ္ဘာ့​ဘဏ်​ပေး​စရာရှိတဲ့​ အ​ကြွေး​ အ​မေရိကန်​ဒေါ်လာ ၃၉၃ သန်း​၊​ အာရှဖွံ့​ဖြိုး​ရေး​ကို ​ပေး​ရမယ့်​ အ​ကြွေး​ ​ဒေါ်လာသန်း​ ၅၀၀ ကို ပြန်ဆပ်မှ ဖြစ်မယ်လို့​ ဆိုပါတယ်။

ကမ္ဘာ့​ဘဏ်ဆီက​နေ ​ချေး​ထား​တဲ့​အ​ကြွေး​ကို မြန်မာအစိုး​ရက ပြန်မဆပ်တဲ့​အတွက် မြန်မာပြည်ကို ၁၉၈၇ ခုနှစ်မှာ ​ငွေ​ချေး​တာ​တွေကို ရပ်ဆိုင်း​ခဲ့​ပါတယ်။ ​နောက်တနှစ်မှာပဲ အ​နောက်နိုင်ငံ အစိုး​ရ ​တွေက မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့​မှု​တွေ ချမှတ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ မြန်မာပြည်က ဒီမိုက​ရေစီအ​ပြောင်း​အလဲ​တွေကို အား​ပေး​တဲ့​အ​နေနဲ့​ အ​မေရိကန်၊​ ဥ​ရော ပသမဂ္ဂ တို့​က စီး​ပွား​ရေး​ဒဏ်ခတ်ထား​တာ​တွေကို ဆိုင်း​ငံ့​ထား​ပြီး​ အကူအညီ​တွေကို ပြန်​ပေး​ဖို့​ ​ခြေလှမ်း​ပြင်​နေပါပြီ၊​ ပြီး​ခဲ့​တဲ့​အပတ်ကပဲ ဂျပန်က မြန်မာပြည်က တင်​နေတဲ့​ အ​ကြွေး​ အ​မေရိကန်​ဒေါ်လာ သန်း​ ၃၇၀၀ ကို ​လျော်​ပေး​မယ်လို့​ကြေညာခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013