DVB Logo
Home
မြန်မာသတင်း
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပြပွဲ ပြုလုပ်
DVB
·
January 3, 2018
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပြပွဲ ပြုလုပ်
Donate to DVB

 

ကိုရီးယား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ဖက်ဆစ်ဂျပန်တွေရဲ့ အုပ်ချုပ်မှုစနစ်အောက်ကိုကျရောက်ခဲ့တဲ့ ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံပူးပေါင်းကာ သူ့ကျွန်ဘဝ ရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်ပုံဖော် ရိုက်ကူးထားတဲ့ဇာတ်ကားတွေကို လွတ်လပ်ရေးလှုပ်ရှားမှုအဖြစ် ပြသခဲ့တာပါ။

နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ကိုရီးယားနိုင်ငံမှာ ကြယ်စင်မော်ကွန်းဇာတ်ကားကို အဖွင့် အနေနဲ့ပြသခဲ့တာဖြစ်ပြီး ဒါရိုက်တာကြည်စိုးထွန်းရိုက်ကူးတဲ့ ငဘ ရုပ်ရှင်ဇာတ်ကားကို ပိတ်ပွဲ အနေနဲ့ပြသခဲ့ပါတယ်။

အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “သမိုင်းအကြောင်း တွေကို ပုံဖော်နိုင်တာရုပ်ရှင်တွေဖြစ်တဲ့အတွက် လွတ်လပ်ရေးသမိုင်းတွေကိုသိဖို့ ဒီရုပ်ရှင် ဇာတ်ကားတွေကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပြသတာဖြစ်တယ်” လို့ပြောပါတယ်။

လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပြပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ဟန်အီးရုပ်သံသမိုင်း ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းတင်ဆက်တာဖြစ်ပြီး နယ်ချဲ့ဖက်ဆစ်ဂျပန် လက်အောက်မှာ ဖိနှိပ်ခံခဲ့ရတာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ငဘနဲ့ ကိုရီးယားဇာတ်ကား ၅ ကားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013