DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာကန်အတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
January 3, 2018
မိတ္ထီလာကန်အတွင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့ ဓမ္မသုခ ရွှေစည်းခုံဘုရားအနောက်ဘက် မိတ္ထီလာမြောက်ဘက်ကန်အတွင်း ဇန်နဝါရီ ၃ရက်နေ့လယ်မှာ အမျိုးသား ၁ ဦး ရေနစ်သေဆုံးနေတာတွေ့တယ်လို့ မိတ္ထီလာ အမှတ် (၂) ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့သူဟာ မိတ္ထီလာမြို့ နယ်မြေ (၁၄) ဝန်ဇင်းရပ်နေ အသက် ၅၅ နှစ်ရှိ ဦးတင်ရွှေ ဆိုသူဖြစ်တယ်။ မိတ္ထီလာမြောက်ဖက်ကန် ရေထိန်းတံခါးအနီးမှာ ရေနစ်သေဆုံး နေတာ တွေ့ရပြီး ခွဲစိတ်စစ်ဆေးဖို့ မိတ္ထီလာဆေးရုံ ပို့လိုက်တယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

အမှတ် (၂) ရဲစခန်းအမှုစစ်ရဲအရာရှိက  "ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရပါဘူး။ ကျဘမ်းလုပ်ကိုင်တယ်လို့ သိရတယ်။ အခုလည်း ကန်ထဲက ကန်စွန်းရွက်ခူးရင်း ခြေချော်ကျပြီး ရေနစ်သွားတာ ဖြစ်မယ်"လို့ ပြောပါတယ်။

ဒေသခံတဦးက "လွန်ခဲ့တဲ့ ၄ ရက်လောက်တည်းက အိမ်ပြန်မလာလို့ ရဲစခန်းမှာ လူပျောက်သတင်းပေးပြီး တိုင်တန်းထားတာပါ။ အဲထဲက ကန်စွန်းရွက်ခူးရင်း ရေနစ်သေနေတာ ထင်တယ်"လို့ပြောပါတယ်။

မိတ္ထီလာအမှတ် (၂) ရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၈ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013