DVB Logo
Home
မြန်မာသတင်း
လက်နက်များဖြင့် ဖမ်းမိသည့် ဖြိုးကိုကိုတင့်ဆန်းကို ရုံးထုတ်စစ်ဆေး
DVB
·
January 3, 2018
လက်နက်များဖြင့် ဖမ်းမိသည့် ဖြိုးကိုကိုတင့်ဆန်းကို ရုံးထုတ်စစ်ဆေး
Donate to DVB

 

လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်းကို တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇန်န၀ါရီလ ၃ ရက်နေ့ က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်နဲ့ ဒက္ခိဏမြို့နယ် ရဲစခန်းတွေက ဖြိုးကိုကိုတင့်ဆန်း အပါအ၀င် သူနဲ့ ပါဝင်ပတ်သက်တဲ့ သူတွေကို မူးယစ် ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ ၊ လက်နက် အက်ဥပဒေ ပုဒ်မ ၁၉ (စ) ၊ လက်နက် အက်ဥပဒေ ၁၉ (က)/၁၉ (စ) ၊ မူးယစ်အက် ပုဒ်မ ၁၅/၁၉ (က)/၂၀ နဲ့ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် အက် ပုဒ်မ (၇) တွေနဲ့ ပထမအကြိမ် ရုံးထုတ်တုန်းက တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဒီကနေ့မှာတော့ ဖြိုးကိုကိုတင့်ဆန်းကို သွင်းကုန်ပို့ကုန်ဥပဒေပုဒ်မ ၈ နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တွေနဲ့လည် ထပ်မံတရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

ဒက္ခိဏခရိုင်တရားသူကြီး ဒုတိယ တရားသူကြီး ဦးခင်မောင်ထွေးက “တရားစွဲပြီးတင်ပို့တာက ပထမနေ့က ရာဇ၀တ်ကြီး ပုဒ်မ ၅ ခုရယ်၊ တရားခံပြေးမှု ၁ မှုရယ်။ ဒီနေ့က ရာဇ၀တ်ကြီး ပုဒ်မ ၃ ခုရယ်၊ တရားခံပြေး ၁ မှုရယ် အားလုံး ရာဇတ်ဝတ်ကြီးပုဒ်မ ၈ မှုရယ်။ တရားခံပြေးမှု ၂ မှုရယ် အားလုံးပေါင်း ၁၀ မှုပဲရှိတယ်။ တရားခံပြေး အမှုတွေ ပြီးသွားမှပဲ ဒီရာဇတ်ဝတ်ကြီး အမှုတွေကို စစ်ဆေးမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဖြိုးကိုကိုတင့်ဆန်းနဲ့ ဆက်စပ်ပါဝင်တဲ့ အမှုတွေဟာ များလွန်းတဲ့အတွက် ဗုဒ္ဓဟူးနေ့တိုင်း ကို တရားရုံးတင်စစ် ဆေးသွားဖို့ ဒက္ခိဏသီရိခရိုင်တရားရုံးက ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013