DVB Logo
Home
မြန်မာသတင်း
ကျန်ရှိ​နေသည့်​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​လွှတ်​ပေး​ရန် ဘား​မား​ကမ်း​ပိန်း​ယူ​ကေ ​တောင်း​ဆို
DVB
·
April 27, 2012
ကျန်ရှိ​နေသည့်​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​လွှတ်​ပေး​ရန် ဘား​မား​ကမ်း​ပိန်း​ယူ​ကေ ​တောင်း​ဆို
Donate to DVB

မြန်မာနိုင်ငံ အကျဉ်း​ထောင်တွင်း​မှာ ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​အား​လုံး​ လွှတ်​ပေး​ဖို့​အတွက် ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန အ​နေနဲ့​ မြန်မာအစိုး​ရကို ဖိအား​ပေး​ဖို့​ လန်ဒန်အ​ခြေစိုက် ဘား​မား​ ကမ်ပိန်း​ယူ​ကေအဖွဲ့​က ​တောင်း​ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း​ နိုင်ငံ​ရေး​အ​ခြေအ​နေ​တွေ ​ပြောင်း​လဲ​နေတဲ့​အချိန်မှာ လူသိများ​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်လာ​ပေမယ့်​ လူသိနည်း​ကြတဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံရသူ​တွေ ​ထောင်တွင်း​မှာ ရှိ​နေတုန်း​ပဲဆိုတာ ဗြိတိန် နိုင်ငံခြား​ရေး​ဌာနက အ​ရှေ့​တောင်အာရှ​ရေး​ရာ ဝန်ကြီး​တဦး​ဖြစ်တဲ့​ မစ္စတာ (Jeremy Browne)နဲ့​ နိုင်ငံတကာ အသိုင်း​အဝိုင်း​ကို သတိ​ပေး​တာ ဖြစ်တယ်လို့​ ဘား​မား​ကမ်ပိန်း​ယူ​ကေအဖွဲ့​က မ​ဝေနှင်း​ပွင့်​သုန်က ​ပြောပါတယ်။

“နာမည်ကြီး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်လာတဲ့​အခါကျ​တော့​ အခု ကျမတို့​နိုင်ငံမှာ ဘယ်သူ​တွေ ရှိ​သေး​လဲဆိုတာကို မသိ​တော့​ဘူး​ဆို​တော့​ ကျမတို့​ အ​နေနဲ့​ ကိုသန်း​ဇော်လိုမျိုး​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ရှိ​နေတုန်း​ပဲ။ သူဆိုလို့​ရှိရင် ၁၉၈၉ ကတည်း​က​နေပြီး​တော့​ ​ထောင်ကျခဲ့​တာ ​သေဒဏ်​ပေး​ခံထိတယ်၊​ ​သေဒဏ်အပြင်ကို သူ့​ကို နှစ် ၃၀ ​ထောင်ချတဲ့​အချိန်မှာ သူ့​ကို ​သေဒဏ်က​နေ ထပ်​လျှော့​ပြီး​တော့​ အခုအချိန်အထိ ​ထောင်ထဲမှာ ရှိတုန်း​ပဲ။ နှစ် ၃၀။ ဒီလိုမျိုး​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အထဲမှာ ရှိ​နေတုန်း​ပဲ။ သူတို့​တွေ မလွတ်​မြောက်​သေး​ဘူး​။ သူတို့​တွေကို သတိယဖို့​ဆိုတာ ကျမတို့​မှာ တာဝန်တခု ရှိတယ်။ ပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်ဖို့​ဆိုတာ နိုင်ငံတကာ အသိုင်း​အဝိုင်း​အ​နေနဲ့​ လုပ်သင့်​တယ်ဆိုတဲ့​ ဟာမျိုး​ကို ကျမတို့​ အဓိက ထား​ပြီး​တော့​ ​ပြောတာပါ။

“ဘာဖြစ်လို့​လဲဆို​တော့​ အခု​လော​လောဆယ် မြန်မာနိုင်ငံ လက်​အောက်မှာဆိုလို့​ရှိရင် သူတို့​ ​ပြောတာ နိုင်ငံ​ရေး​အကျဉ်း​သား​ တ​ယောက်မှ မရှိ​တော့​ဘူး​။ ဒါ​ပေမယ့်​ ကျမတို့​အ​နေနဲ့​ မြင်တာက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ရှိ​နေတုန်း​ပဲ။ အ​ရေအတွက် ဘယ်​လောက်လဲဆိုတာ နိုင်ငံတကာ အသိုင်း​အဝိုင်း​က စစ်ဖို့​ ကျမတို့​ အခု​တောင်း​ဆိုတယ်။”

ကိုသန်း​ဇော်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​ခေါင်း​ဆောင် တဦး​ဖြစ်ပြီး​ ၁၉၈၉ ခုနှစ်က သန်လျှင် ​ရေနံချက်စက်ရုံဗုံး​ခွဲမှုမှာ မတရား​စွပ်စွဲခံရပြီး​ ​သေဒဏ်က​နေ တကျွန်း​ထောင်ဒဏ် ချမှတ်ခံခဲ့​ရသူဖြစ်ပြီး​ လက်ရှိ သရက်​ထောင်မှာ အကျဉ်း​ခံ​နေရဆဲ ဖြစ်ပါတယ်။

လက်ရှိအကျဉ်း​ထောင်​တွေထဲမှာ ​သေချာ​ပေါက် အတည်ပြုနိုင်တဲ့​ စာရင်း​ အရ နိုင်ငံ​ရေး​အကျဉ်း​သား​ ၄၇၃ ဦး​ ရှိပြီး​ အတည်မပြုနိုင်​သေး​သူ​ပေါင်း​ ၄၆၅ ဦး​ ရှိတယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​အသင်း​ (မြန်မာနိုင်ငံ)က အတွင်း​ရေး​မှူး​ ဦး​တိတ်နိုင်က ​ပြောပါတယ်။

“ကျ​နော်တို့​က ​သေချာ​ပေါက် အတည်ပြုထား​တဲ့​ စာရင်း​က​တော့​ ၄၇၃ ​ယောက် ရှိတယ်။ ဥပမာ ကို​အေး​အောင်ရှိမယ်၊​ ကို​အေး​အောင်ဆိုလို့​ရှိရင် ဗကသက ၉၈ မှာ ကျထား​တဲ့​ တ​ယောက်​ပေါ့​။ သူ့​အမှုတွဲ​တွေက အကုန်လွတ်ပြီ သူမလွတ်​သေး​ဘူး​။ ​နောက်တခါ ဦး​မြင့်​အေး​ ရှိမယ်။ ဦး​မြင့်​အေး​ဆိုတာ HRDP က။ ​နောက်တခါ ဆရာနိုင်ယက္ခတို့​၊​ နိုင်မျိုး​သွေး​တို့​ မွန်ပြည်သစ်ပါတီက လူ​တွေ ရှိပါတယ်။ ​နောက်တခါ ​ထောင်ထဲမှာ ရှိတယ်။ မရှိဘူး​ဆိုတာကို ကျ​နော်တို့​ စိစစ်ဆဲ စာရင်း​က​တော့​ ၄၆၅ ​ယောက် ရှိတယ်။ နှစ်ခု​ပေါင်း​လိုက်ရင်​တော့​ ၉၃၈ ​ယောက်​ပေါ့​။”

အစိုး​ရက ပြုပြင်​ပြောင်း​လဲမှု လုပ်​ပေမယ့်​ လက်ရှိ အကျဉ်း​ထောင်တွင်း​မှာ ကျန်ရှိ​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​ အား​လုံး​လွတ်မှသာ စစ်မှန်တဲ့​ ဒီမိုက​ရေစီနဲ့​ ငြိမ်း​ချမ်း​ရေး​ ဖြစ်​ပေါ်လာမယ်လို့​ မ​ဝေနှင်း​ပွင့်​သုန်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013