DVB Logo
Home
မြန်မာသတင်း
ဆမွတ်ဆာခွန်းတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများ ယာဉ်မတော်တဆမှုကြောင့် ၇ ဦးဒဏ်ရာရ (ရုပ်သံ)
DVB
·
January 3, 2018
ဆမွတ်ဆာခွန်းတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများ ယာဉ်မတော်တဆမှုကြောင့် ၇ ဦးဒဏ်ရာရ (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းခရိုင်ထဲမှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားအမျိုးသမီးတစ်စု စီးနင်းလိုက်ပါလာတဲ့ ဟိုင်းလပ်ကားတစ်စီး ဘီးပေါက်ပြီး နောက်ကားက ၀င်တိုက်သွားလို့  ကားပေါ်ပါလာသူတွေ  ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့မနက် ၁၀နာရီကျော်က အလုပ်သမားတွေတင်လာတဲ့ကားဟာ ဘန်ကောက် အထွက် ဆမွတ်ဆာခွန်းခရိုင်သို့အ၀င် ဖလမ်းဆောင်လမ်းမကြီးပေါ်မောင်းနှင်လာပြီး ထာ့ကျင်း တံတား နားရောက်တဲ့အခါ ကားရဲ့ညာဘက်နောက်ဘီးက ရုတ်တရက်ပေါက်ကွဲပြီး လည်ထွက်သွားကာ လမ်းဘေးက အုတ်တံတိုင်းကို ၀င်တိုက်ခဲ့ပါတယ်။

တချိန်တည်းမှာဘဲ အနောက်က ကွန်တိန်နာအအေးခန်းတင်လာတဲ့ ဆယ်ဘီးကားက လည်း အရှိန်မထိန်းနိုင်ဘဲ အဆိုပါကားကို ၀င်တိုက်ခဲ့လို့ ဟိုင်းလပ်ကားပေါ်က အမျိုးသမီးတစ်စု ကားပေါ်က လွင့်စင်ကျသွားခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အားလုံးကို ဆယ်ဘီးကားပေါ်ရှိ အလိုအလျောက်ဗွီဒီယိုက ရိုက်ကူး ထားခဲ့တာပါ။

ကားသမားက အရေးပေါ်လိုင်းကို ဖုန်းဆက်လိုက်တဲ့နောက် ဆမွတ်ဆာခွန်းရဲစခန်းက တာဝန်ရှိသူနဲ့ လူနာတင်ကားတွေ ရောက်လာပြီး ဒဏ်ရာရသူ အမျိုးသမီး ၇ ဦး ကို ဆေးရုံ ပို့ပေးခဲ့ကြပါတယ်။

ဟိုင်းလပ်ကားမောင်းသမား နိုင်းစနစ်ပြောပြချက်အရ သူဟာ ရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးကို ဆမွတ်ဆုန်ခန်းခရိုင်သို့ နှစ်သစ်ကူးအလည်အပတ်ပို့ဆောင်ပေးခဲ့ပြီး အပြန်မှာ ခုလို ယာဉ်မတော်တဆထိခိုက်မှုကြုံရတာလို့ ဆိုပါတယ်။

ရဲစခန်းကတော့ ယာဉ်တိုက်မှုဖြစ်ရခြင်း အသေးစိပ်ဆက်လက်စစ်ဆေးနေပြီး ဒဏ်ရာရသူ ၇ ဦးထဲက တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ကားပေါ်ပါလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘယ်နိုင်ငံကလည်းလို့ သတင်းမှာ ဖော်ပြထားခြင်းမရှိပေမယ့် လူမှုကွန်ရက်တွေမှာတော့ သူတို့တွေဟာ မြန်မာအလုပ်သမားတွေ လို့ ဆိုပါတယ်။

ကြောက်စရာကောင်းတဲ့ ယာဉ်တိုက်မှုကြီး ကြုံတွေ့ရပေမယ့် သေဆုံးသူ တဦး တယောက်မှ မရှိဘဲ အားလုံးအသက်ဘေးမှ လွတ်မြောက်လာတာဟာ  အင်မတန်ကံကောင်းပြီး တွေ့ရခဲတဲ့ ဖြစ်ရပ်လို့  လူမှုကွန်ရက်မှာ သုံးသပ်နေကြပါတယ်။

ကိုးကား -  ခေါဝ်ဆွတ် ၊ ထိုင်းပီဘီအက်စ်သတင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013