DVB Logo
Home
မြန်မာသတင်း
ဝိုင်းဝန်းထိုးကြိတ်သတ်ဖြတ်ခံရသည့် အောင်ရဲထွေး၏ ဈာပနကျင်းပ (ရုပ်သံ)
DVB
·
January 3, 2018
ဝိုင်းဝန်းထိုးကြိတ်သတ်ဖြတ်ခံရသည့် အောင်ရဲထွေး၏ ဈာပနကျင်းပ (ရုပ်သံ)
Donate to DVB

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ဟာသ ဗီဒီယိုဖိုင်တွေ ရိုက်ကူးတင်ဆက်လေ့ရှိတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး (ခ)  ရဲထွေးအောင်ရဲ့ ဈာပနကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပပါတယ်။

၂၀၁၈ ဇန်နဝါရီ ၁ ရက် မနက် ၄နာရီမှာ ရဲထွေးအောင်(၂၄)နှစ်ဟာ သင်္ဃန်ကျွန်းမြို့နယ်ရှိ The One Entertainmentဝင်းမှာ ကျင်းပတဲ့ ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့တဲ့ ၄ ရက်လောက်က  ခိုက်ရန်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသား ၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့လို့ ဦးခေါင်းမှာ ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၄ နာရီ ၃၅ မိနစ်မှာ သေဆုံးသွားခဲ့တာလို့  ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရဲထွေးအောင်ကို ထိုးကြိတ်ခဲ့သူ ၅ ဦးကိုတော့ ဖမ်းမမိသေးတဲ့အကြောင်းနဲ့ ဒီအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ လူသတ်မှု အားပေးကူညီမှုနဲ့  ပြောင်းလဲအမှုဖွင့်ပြီး တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013