DVB Logo
Home
မြန်မာသတင်း
ကျောက်​မဲတွင်​ စစ်​​ဘေး​ရှောင်​ ၂၀၀​ ကျော်​ ထပ်​မံရောက်ရှိ
DVB
·
January 3, 2018
ကျောက်​မဲတွင်​ စစ်​​ဘေး​ရှောင်​ ၂၀၀​ ကျော်​ ထပ်​မံရောက်ရှိ
Donate to DVB

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​နမ့်ဆန်​မြို့နယ်​ အာ​ပြောင်​၊ ​ကျောက်​ဖြူ​လေး၊ ကြက်​​သေနဲ့ ဟင်းခါးကျေးရွာက​ စစ်​​ဘေး​ရှောင်​ ၂၀၀​ ကျော်လောက်​ ​ကျောက်​မဲမြို့ပေါ်က ဝါဆို​ကျောင်း၊ သံတိသုခဓမ္မာရုံ၊ ​အောင်​မင်္ဂလာ စတဲ့ ဘုန်းကြီးကျောင်းတွေက ဒုက္ခသည်စခန်းကို ဇန်နဝါရီ ၁ ရက်နေ့ နဲ့ ၂ ရက်နေ့တွေမှာ ထပ်မံရောက်ရှိလာပါတယ်။

နမ့်ဆန်​မြို့နယ်​ ​ကျောက်​ဖြူ​လေး​ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၇ ရက်​​နဲ့ ၂၉ ရက်​​နေ့တွေက တပ်​မ​တော်​နဲ့ တီအန်အယ်လ်အေတို့ တိုက်​ပွဲ​ကြောင့် ​ကျောက်​မဲမြို့​ပေါ်နဲ့ မိုင်း​ငေါ့မြို့​ပေါ်တွေကို စစ်​​ရှောင်​ဒုက္ခသည် ၅၀၀​ ကျော်​ ထွက်​​ပြေးလာခဲ့ပြီး​နောက်​ လက်​နက်​ကြီး ထပ်​မံကျ​ရောက်​မှာ စိုးရိမ်​တဲ့အတွက်​ ထွက်ပြေးလာခဲ့ရတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောပါတယ်။

ထွက်​​ပြေးလာတဲ့ ကြက်​​သေရွာသား မိုင်းစိုး​အောင်​က "ကျနော်​တို့ မ​နေ့ကမှ ဒီကို ​ရောက်​လာကြတာ။ ခုတိုက်​ပွဲ​တော့ မဖြစ်​​တော့ဘူး။ ဒါပေမယ့် သတင်းကြား​နေရတယ်​။ ပ​လောင်​စစ်​သား​ရော၊ ဗမာ​ရော၊ ရှမ်း​ရော လာကြမယ်​လို့ ကြားတယ်​။ ပြီး​တော့ တိုက်​ပွဲဖြစ်​တုန်းကလည်း ရွာနဲ့နီးတယ်​။ လက်​နက်​ကြီး​တွေလည်း ရွာနားကျတယ်​။ ​လေယာဉ်​​တွေလည်း လာကြတယ်​။ အဲလိုထပ်​ဖြစ်​မှာ ​ကြောက်​လို့ ထွက်​​ပြေးလာကြတာပါ။ ကျနော်တို့ရွာသားက အ​ယောက်​ ၁၅၀ ​ကျော်​တယ်​။ ၃ ပုံ ၂ ပုံက က​လေး​​တွေ ဖြစ်​တယ်​”လို့  ​ပြောပါတယ်​။

က​လေးငယ်​​တွေလည်း ထွက်​​ပြေးလာခဲ့ကပြီး စာသင်​​ကျောင်း​တွေကိုလည်း ပိတ်​ထားခဲ့ရတယ်​လို့ စစ်​​ရှောင်​​ဒုက္ခသည်တွေက​ ပြောပါတယ်​။

ဒါ့အပြင်​ ရွာမှာလည် မ​ပြေးနိုင်​ မသွားနိုင်​​သေးတဲ့ သက်​ကြီးရွယ်​အိုတွေနဲ့  စိတ်​မနှံ့သူ ၁၀ ဦး ကျန်​ရှိ​နေ​သေး​တယ်လို့ သိရပါတယ်​။

စစ်​​ရှောင်​ စာရင်းကိုင်​သူ မစုမြတ်​​ဆွေက "စစ်​​ရှောင်​​တွေက ပိုပိုတိုးလာတယ်​။ စခန်း​တွေကလည်း လုံ​လောက်​မှု မရှိ​တော့ဘူး။ ဒီ​နေ့လည်း ထပ်​​ပြေးလာတဲ့လူ​တွေ ရှိတယ်​။ သွားကြို​နေတုန်း။ ​နေရာက​တော့ ၃ ​နေရာရှိပြီ။ သူတို့အတွက်​က​တော့ ​စောင်​​တွေ လိုတယ်​။ အဓိကက​တော့ အစားအ​သောက်​​တွေ။ အလှူရှင်​​တွေရှိရင်​ အဆင်​​ပြေနိုင်​မယ်​။ အခု ဟိုဘက်​စခန်းက​နေ ပြန်​မျှသုံး​နေရတယ်​။ ​ရေရှည်​အတွက်​ကျ အဆင်​မ​ပြေ​သေးဘူး” လို့​ ပြောပါတယ်​။

ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၈ ရက်​​နေ့မှ စတင်​ပြီး ၂၀၁၈ ခု ဇန်​နဝါရီ ၃ ရက်​​နေ့အထိ ကျောက်မဲမှာ စစ်​​ရှောင်​ဦး​ရေ အ​ယောက်​ ၈၀၀ ​ကျော်ရှိပြီ ဖြစ်​ပါတယ်​။

သတင်း - မိုင်းနိုင်​နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013