DVB Logo
Home
မြန်မာသတင်း

မြန်မာနှင့်လက်တွဲဖက်အဖြစ် ဆက်လက်ရပ်တည်မည်ဟု ဒေါ်နယ်ထရမ့်ပြော

DVB
·
January 3, 2018
မြန်မာနှင့်လက်တွဲဖက်အဖြစ် ဆက်လက်ရပ်တည်မည်ဟု ဒေါ်နယ်ထရမ့်ပြော
Donate to DVB

ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံနဲ့  မိတ်ဆွေအနေနဲ့ရော လက်တွဲဖက်နိုင်ငံအနေနဲ့ပါ  အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောထားတာဖြစ်ပြီး  မြန်မာ့လွတ်လပ်ရေးအတွက် ဂုဏ်ယူပါကြောင်းနဲ့ မြန်မာနိုင်ငံသားတွေအတွက် အကောင်းဆုံး ဆုမွန်ကောင်း တောင်းပေးတဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံ အောင်မြင်မှု အဓွန့်ရှည်ရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတို့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေက အတည်ပြု ထောက်ခံခဲ့တဲ့ ဒီမိုကရက်တစ်စံ တန်ဖိုးတွေ အဓိက အရေးပါနေသေးတယ်လို့လည်း သမ္မတ ထရမ့်က ပြောတဲ့အကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013