DVB Logo
Home
မြန်မာသတင်း
မြန်မာ့​အ​ပြောင်း​အလဲမှာ အီး​ယူ-အာဆီယံ ဆက်ဆံ​ရေး​ကဏ္ဍသစ်ဖွင့်
DVB
·
April 27, 2012
မြန်မာ့​အ​ပြောင်း​အလဲမှာ အီး​ယူ-အာဆီယံ ဆက်ဆံ​ရေး​ကဏ္ဍသစ်ဖွင့်
Donate to DVB

အီး​ယူ-အာဆီယံ နိုင်ငံခြား​ရေး​ဝန်ကြီး​များ​ အစည်း​အ​ဝေး​ကို ဘရူး​နိုင်း​ နိုင်ငံမှာ ဒီ​နေ့​ ကျင်း​ပ​နေပြီး​ မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ​ကြောင့်​ အီး​ယူနဲ့​ အာဆီယံ ဆက်ဆံ​ရေး​အခန်း​ကဏ္ဍသစ် ဖွင့်​လှစ်နိုင်ပြီလို့​ အီး​ယူက ​ပြောကြား​လိုက်ပါတယ်။

မြန်မာအစိုး​ရရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုနဲ့​ အတိုက်အခံ​တွေအ​ပေါ် ဖိနှိပ်မှု​တွေ​ကြောင့်​ အီး​ယူအပါအဝင် နိုင်ငံတကာနဲ့​ အာဆီယံ ဆက်ဆံ​ရေး​အကြား​ ရှိခဲ့​တဲ့​ အဖုအထစ်​တွေဟာ မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ​ကြောင့်​ ​ကျော်လွှား​နိုင်ပြီး​ စာမျက်နှာသစ်တခု ဖွင့်​လှစ်နိုင်လိုက်ပြီလို့​ အီး​ယူနိုင်ငံခြား​ရေး​ရာမူဝါဒ အကြီး​အကဲ ကတ်သရင်း​ အက်ရှ်တွန်က ​ပြောပါတယ်။

ဂျာကာတာပို့​စ်သတင်း​စာ အ​တွေး​အမြင် စာမျက်နှာမှာ ကတ်သရင်း​အက်ရှ်တွန်က အခုလို ​ရေး​သား​ထား​တာဖြစ်ပါတယ်။

အီး​ယူနဲ့​ အာဆီယံတို့​ဟာ ​ဆွေး​နွေး​ဘက်​တွေ ဖြစ်ခဲ့​ကြပြီး​ ၁၉၉၇ ခုနှစ်မှာ အာဆီယံကို ဝင်​ရောက်ခွင့်​ပြုလိုက်တဲ့​အခါ မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုနဲ့​ တိုင်း​ရင်း​သား​ဒေသပြဿနာများ​ကြောင့်​ စီး​ပွား​ရေး​အပြင် တခြား​ အာဆီယံ-အီး​ယူ ​ဆွေး​နွေး​ပွဲ​တွေမှာ မြန်မာကို ဝင်​ရောက်​ဆွေး​နွေး​ခွင့်​ မပြုတာ​တွေ ရှိခဲ့​ပါတယ်။

ပြည်ပအ​ခြေစိုက် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အား​စု နိုင်ငံခြား​ရေး​ရာ တွဲဖက်အတွင်း​ရေး​မှူး​ ဦး​စိုး​အောင်က အခုလို အီး​ယူနဲ့​မြန်မာ ဆက်ဆံ​ရေး​ ​ပြောင်း​လဲလာတာနဲ့​ ပတ်သက်ပြီး​တော့​ သူ့​ရဲ့​အမြင်ကို အခုလို ​ပြောပါတယ်။

“အီး​ယူက ဒီအာဆီယံရဲ့​ ဒိုင်ယာ​လော့​ ပါတနာ​လေ။ အဲဒီ​တော့​ အာဆီယံက မြန်မာနိုင်ငံကို ၉၇ နှစ်ကတည်း​က​နေ စပြီး​တော့​မှ သူတို့​ အဖွဲ့​ဝင်အဖြစ် အသိအမှတ် ပြုလိုက်တဲ့​ အချိန်ကတည်း​က စပြီး​တော့​မှ မြန်မာနိုင်ငံထဲမှာ ဖြစ်​နေတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေက တိုင်း​ရင်း​သား​ပြည်သူ​တွေကို မတရား​ နှိပ်စက်မှု​တွေ​ကြောင့်​မို့​လို့​ အာဆီယံနဲ့​ အီယူအစည်း​အ​ဝေး​တွေမှာ အမြဲတမ်း​ ပြဿနာဖြစ်ခဲ့​ရတယ်။ အထူး​သဖြင့်​ ဒီအစည်း​အ​ဝေး​တွေမှာ အီး​ယူက အာဆီယံနဲ့​ တစား​ပွဲတည်း​ ထိုင်ပြီး​ ​ဆွေး​နွေး​မယ် ဆိုလို့​ရှိရင် မြန်မာပြည်က ပါလို့​ မရဘူး​။ အဲဒါ​ကြောင့်​မို့​လို့​ အခု​လော​လောဆယ် အီး​ယူက​နေ မြန်မာပြည်အ​ပေါ် ချထား​တဲ့​ စီပွား​ရေး​ပိတ်ဆို့​အ​ရေး​ယူမှု​တွေကို ​ခေတ္တခဏ ရပ်နား​တယ် ဆိုတဲ့​ဟာမှာ အာဆီယံက​နေ ချက်ချင်း​ အား​တက်သ​ရော ဒီဟာက ဖြစ်သင့်​တယ်၊​ လုပ်သင့်​တယ်၊​ ကြိုဆိုတယ် ဆိုပြီး​တော့​မှ ချက်ချင်း​ထောက်ခံတာ။”

ဘရူနိုင်း​ နိုင်ငံမှာ ကျင်း​ပ​နေတဲ့​ အီး​ယူ-အာဆီယံ အစည်း​အ​ဝေး​ပွဲမှာ ၂၀၁၁ ခုနှစ်က ကုန်သွယ်မှု တန်ဖိုး​ ​ဒေါ်လာ ၂၂၁ ဘီလီယံရှိခဲ့​တဲ့​ ​ဒေသနှစ်ခု အကြား​ ကုန်သွယ်​ရေး​ အပြန်အလှန်တိုး​မြှင့်​ဖို့​ ကိစ္စ​တွေကို ဝန်ကြီး​တွေက ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဒါ့​အပြင် ၂၀၁၅ မှာ အာဆီယံက လုပ်​ဆောင်မယ့်​ အာဆီယံ စီး​ပွား​ရေး​အသိုင်း​အဝိုင်း​ ထူ​ထောင်ဖို့​ကိစ္စကိုလည်း​ အီး​ယူက ​ထောက်ခံတယ်လို့​ ဆိုပါတယ်။

ဒီ​ဆွေး​နွေး​ပွဲအပြီး​မှာ ကတ်သရင်း​ အက်ရှ်တွန်ဟာ ဧပြီလ ၂၈ က​နေ ၃၀ ထိ မြန်မာနိုင်ငံကို သွား​ရောက်မှာ ဖြစ်ပါတယ်။ ဧပြီ ၂၈ ရက်မှာ​တော့​ ရန်ကုန်မှာ အီး​ယူရုံး​ဖွင့်​ပွဲကို တက်​ရောက်မှာဖြစ်သလို မြန်မာ သမ္မတ ဦး​သိန်း​စိန် အပါအဝင် အစိုး​ရ ထိပ်တန်း​ခေါင်း​ဆောင်​တွေ၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဦး​ဌေး​ဦး​နဲ့​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေနဲ့​လည်း​ ​တွေ့​ဆုံသွား​မယ်လို့​ အီး​ယူက ထုတ်ပြန် ​ကြေညာထား​ပါတယ်။

ဧပြီလ ၃၀ ရက် ​နေ့​မှာ​တော့​ ချက်ထရီယမ် ဟိုတယ်မှာ ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အီး​ယူ ဥ​ရောပသမဂ္ဂဟာ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကပဲ မြန်မာနိုင်ငံအ​ပေါ်ကို ချမှတ်ထား​တဲ့​ ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူမှု​တွေကို တနှစ် ဆိုင်း​ငံ့​ပေး​ထား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013