DVB Logo
Home
မြန်မာသတင်း
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် အလှဆင်ထားသည့် နောက်ဖေးလမ်းကြားတချို့ ပိတ်ထားရ
DVB
·
January 3, 2018
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် အလှဆင်ထားသည့် နောက်ဖေးလမ်းကြားတချို့ ပိတ်ထားရ
1 / 4
Donate to DVB

 

ရန်ကုန်မြို့ နောက်ဖေးလမ်းကြားတွေကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ ရှင်းလင်း ဆေးရောင်ခြယ် အလှပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့ပြီး ကလေးတွေ ဆော့ကစားဖို့ နေရာပြုလုပ်ခဲ့တဲ့ နောက်ဖေးလမ်းကြား တချို့မှာ အပေါ်ထပ်တွေကနေ အမှိုက်ပစ်တဲ့အတွက် ပိတ်ထားရပါတယ်။

ဖွင့်လှစ်ပြီး လပိုင်းအကြာမှာတော့ တိုက်အိမ်အပေါ်ထပ်တွေကနေ အမှိုက်တွေ စွန့်ပစ်တဲ့အတွက် အလှဆင်ထားတဲ့ နောက်ဖေးလမ်းကြားတချို့ကို ပိတ်ပင်ထားရတယ်လို့ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်နေသူတွေက ပြောပါတယ်။

“တချို့မြို့နယ်က နောက်ဖေးလမ်းကြားတွေကို CCTV တော့ တပ်ထားပြီးပြီ။ တချို့ မြို့နယ်တွေမှာတော့ အကုန်မတပ်ရသေးဘူး။ နောက်ဖေးလမ်းကြားကိစ္စက ကျနော်တို့ စီမံဌာန တခုတည်းက လုပ်တာမဟုတ်တော့ ပိတ်တဲ့အပိုင်းတွေ အရေးယူမှု အပိုင်းတွေက ကျနော်တို့နဲ့ မသက်ဆိုင်ဘူး”လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ စီမံဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားတွေကို အမှိုက်ပစ်ချပါက စောင့်ကြည်ကာ အိမ်ကို ဝယ်ယူတဲ့ထိ အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောထားပေမယ့် လက်တွေ့မှာ ပြောတဲ့အတိုင်း အရေးယူပြတာတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013