DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် ဗိုလ်ချုပ်မြင်းစီးရုပ်တုဖွင့်လှစ်
DVB
·
January 3, 2018
ညောင်လေးပင်မြို့တွင် ဗိုလ်ချုပ်မြင်းစီးရုပ်တုဖွင့်လှစ်
1 / 7
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ဇန်နဝါရီ ၃ ရက် မနက် ၈ နာရီက ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးရုပ်တုဖွင့်ပွဲကို  အခမ်းအနားနဲ့ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ညောင်လေးပင်မြို့မှာ ခန့်ခန့်ငြားငြား တည်ရှိစေဖို့နဲ့ နောင်လာနောက်သားတွေ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို လုံးဝ မမေ့ဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့တာတွေကို အမြဲတမ်းလေ့လာ အတုယူဂုဏ်ပြုပြီးတော့ မမေ့ဖို့ ရည်ချက်ချက်နဲ့ ထုလုပ်ဖွင့်လှစ်ရတာဖြစ်တယ်လို့ မြင်းစီးရုပ်တု ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“မြို့အတွက်လည်း ဂုဏ်ယူစရာကောင်းတယ်။ မြို့လယ်ကောင်မှာ ဗိုလ်ချုပ်မြင်းစီး ရုပ်ထုကြီးရှိနေတော့ မြို့ထဲဝင်လာတာနဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ မြင်ရသူတွေအတွက်လည်း ကြည်နူးစရာကောင်းတယ်။ မြို့လူထုအတွက်လည်း ဂုဏ်ယူစရာဖြစ်တယ်”လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ရုပ်တုကို ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေး ရန်ကုန်-မန္တလေး-မဒေါက် လမ်းဆုံ မှာ ၂၀၁၇ မေလလောက်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး  မြို့သူမြို့သားတွေ ပံ့ပိုးမှု၊ စေတနာရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ၇ လအကြာမှာ ဖွင့်လှစ် နိုင်ခဲ့တာဖြစ်ပါတယ်။

အထိုင်အုတ်ခုံ အလျား ၁၃ ပေ၊ အနံ ၆ ပေ၊ အမြင့် ၉ ပေခွဲ အာစီကွန်ကရစ် ကျောက်ထုတ်လောင်းကာ အင်္ဂတေအမျိုးအစား ဗိုလ်ချုပ်ရုပ်တုကို ဦးခေါင်းမှ မြင်းခွာအထိ ၁၅ ပေထားရှိကာ သိန်း ၁၅၀ အကုန်ကျခံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မြင်းစီးရုပ်တု အလေးပြုနေတဲ့ပုံစံကို အများပြည်သူရဲ့ ဆန္ဒအရဆုံးဖြတ်ပြီး မြို့ရဲ့ အချက်အခြာကျတဲ့ လမ်းဆုံနေရာမှာ ပြုလုပ်အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ညောင်လေးပင်မြို့သား ဆီလီကွန်ပညာရှင် ကိုအောင်ကျော်ထွန်းရဲ့ ထုလုပ်ပေးခဲ့ တာဖြစ်ပြီး မြို့သူမြို့သားတွေရဲ့ စုပေါင်းထည့်ဝင်ငွေနဲ့ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ တာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013