DVB Logo
Home
မြန်မာသတင်း
စစ်တောင်းစက္ကူစက်ရုံမှ ဝန်ထမ်းများ အလုပ်ထုတ်ခံရသဖြင့် ဆန္ဒပြ
DVB
·
January 3, 2018
စစ်တောင်းစက္ကူစက်ရုံမှ ဝန်ထမ်းများ အလုပ်ထုတ်ခံရသဖြင့် ဆန္ဒပြ
Donate to DVB

စစ်တောင်း စက္ကူစက်ရုံကို အစိုးရက ပုဂ္ဂလိကကုမ္ပဏီကို ငှားရမ်းပြီးနောက်ပိုင်း စာချုပ်ကို ချိုးဖောက်ပြီး ဝန်ထမ်းတွေကို အလုပ်ထုတ်တာကြောင့် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ထမ်းအယောက် ၅၀၀ လောက်ရှိတဲ့ အဲဒီစက်ရုံကို ၂၀၁၁ ခုနှစ်မှာ အစိုးရက ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီကို ငှားရမ်းခဲ့ပြီး ဝန်ထမ်းရေးရာ ကိစ္စတွေကို အစိုးရဘက်က တာဝန်ယူထားကြောင်း စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတာပါ။

စက်ရုံတာဝန်ခံ ဒုညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ ဒေါ်တင်အုန်းကြည်က “ကျမတို့ကို ပင်စင်ယူတဲ့အချိန်ထိ အလုပ်လုပ်ရမယ်ဆိုပြီး ပြောခဲ့တယ်။ အခု နိုဝင်ဘာမှာတော့ နို့တစ်ကပ်ပြီး လူ ၂၅၀ ကို ၅ လစာပေးပြီး ထုတ်တယ်လို့ ဆိုတယ်။ အဲဒါကြောင့် အလုပ်အကိုင် ရရှိရေးအတွက် အခုလို ဆန္ဒပြကြတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

‘နစ်နာကြေး ၅ လစာ အလိုမရှိ၊ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီဥက္ကဋ္ဌ ကတိတည်ပါစေ’ စတဲ့ ကြွေးကြော်သံတွေနဲ့ ဒီနေ့ မနက်ပိုင်းက စက်ရုံရှေ့ကို လာရောက် ဆန္ဒပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မွန်ပြည်နယ်အစိုးရက ခေါ်ယူ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေဘူးလို့ သူက ပြောပါတယ်။

“၅ လစာယူလိုက်ပါလို့ ဝန်ကြီးချုပ်က ပြောတယ်။ နောက်ဆို စက်ရုံတွေ အများကြီး ဖြစ်လာတော့မှာလို့ ပြောတယ်။ ကျမတို့က အခုပဲ ပင်စင်ရတဲ့အထိ လုပ်ရမယ်ဆိုပြီး အလုပ်နားခံနေရပြီလေ။ အခုလိုပြောတာကို ဘယ်လို လက်ခံလို့ရမလဲ” လို့ ဒေါ်တင်အုန်းကြည်က ပြောပါတယ်။

ဒီစက်ရုံကို ၂၀၁၁ ခုနှစ်မှာ ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီကို ငှားရမ်းခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်အထိ စက်ရုံလည်ပတ်ခဲ့တယ်လို့လည်း သိရပါတယ်။

စက်ရုံငှားရမ်းတဲ့ စာချုပ်ထဲမှာ ဝန်ထမ်းတွေကိုလည်း လွှဲပြောင်းပေးခဲ့ပြီး ပေးလက်စ လစာ၊ ရာထူးတွေအတိုင်းထားပေးဖို့၊ ဝန်ထမ်းရေးရာကိစ္စတွေအတွက် မြန်မာ့စက္ကူနဲ့ ဓာတုဗေဒ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေမှူး ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့အဖွဲ့က တာဝန်ယူမယ်လို့လည်း ချုပ်ဆိုထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013