DVB Logo
Home
မြန်မာသတင်း
တပ်မတော်နောက်တန်း တပ်ဌာနချုပ်များ တိုက်ခိုက်ခံရ စစ်သည်အချို့ ကျဆုံး
DVB
·
January 3, 2018
တပ်မတော်နောက်တန်း တပ်ဌာနချုပ်များ တိုက်ခိုက်ခံရ စစ်သည်အချို့ ကျဆုံး
Donate to DVB

ကေအိုင်အေနဲ့ တီအန်အယ်လ်အေတပ်ဖွဲ့တွေဟာ တပ်မတော် နောက်တန်း တပ်ဌာနချုပ်တွေကို  တိုက်ခိုက်ခဲ့တာကြောင့် စစ်သည် ၂ ဦး ကျဆုံးသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက်က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံ နောက်တန်းတပ်ဌာနချုပ်ကို ကေအိုင်အေ အင်အား ၇၀ လောက်နဲ့  နေရာ ၃ နေရာမှ ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တပ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး စစ်သည် ၂ ဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းပေါ်ရှိ ဒွန်ဘုံးခကျေးရွာနားမှာ ကချင်လက်နက်ကိုင်အဖွဲ့ ထောင်ထားတဲ့ ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့လို့  မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာတော့ ရှမ်းပြည်နယ်  မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မိုင်းယုနဲ့ အထက်တုန်ခန်ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၆ ရက်တွေမှာလည်း  လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးအား လုံခြုံရေး ဆောင်ရွက်နေတဲ့ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရင်ကွဲတောင်စခန်း၊ နမ့်ခိုင်စခန်းနှင့် နမ့်ဖတ်ကာမြို့ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်တို့အား လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မုံးကိုးမြို့အထွက် တံတားနားမှာလည်း တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မန်တပ်မြို့နယ်ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်သို့ လက်နက်ကြီးတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့လို့ တပ်ဧရိယာအနီး ပတ်ဝန်းကျင်မှာ ၁၀၇ မမ ဗုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ ရှင်ဖျင်ကိုင်းကျေးရွာရှိ အ၀တ်အထည်၊ အလှကုန်ပစ္စည်းဆိုင်ကို  ဇန်န၀ါရီ ၂ ရက်နေ့က အရပ်ဝတ်၂ ဦးက လက်နက်ငယ်နဲ့ စ်ခတ်ခဲ့လို့ အိပ်ခန်းအတွင်း စာကြည့်နေတဲ့ အသက် ၁၂ အရွယ်  မိန်းကလေးတဦး ညာပေါင်အတွင်းမှ လက်နက်ငယ်ကျည် ဖောက်ထွက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ - CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013