DVB Logo
Home
မြန်မာသတင်း
အလုပ်သမား အနည်းဆုံးအခကြေးငွေ ၄၈၀၀ သတ်မှတ်၊ နှစ်ပတ်အတွင်း ကန့်ကွက်နိုင်
DVB
·
January 3, 2018
အလုပ်သမား အနည်းဆုံးအခကြေးငွေ ၄၈၀၀ သတ်မှတ်၊ နှစ်ပတ်အတွင်း ကန့်ကွက်နိုင်
Donate to DVB

 

အလုပ်သမားတွေအတွက် တရက်လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီး ဒီအပေါ် ကန့်ကွက်ပြင်ဆင်လိုသူတွေအနေနဲ့  နှစ်ပတ်အတွင်း ကန့်ကွက်နိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ ဇန်န၀ါရီ ၂ ရက် ထုတ်ပြန်ကြေညာချက်ထဲမှာ ကြေညာချက်ထုတ်ပြန်ပြီး ၂ လအတွင်း အနည်းဆုံးအခကြေးငွေကို အတည်ပြုမယ်လို့ ဖော်ပြထားပါတယ်။

“အများပြည်သူသိရှိအောင် ကြေညာပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ချက် သို့မဟုတ် ပြင်ဆင်ရန် အဆိုပြုချက်များကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် လေ့လာစိစစ်ပြီး အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေနှုန်း ထားကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ပေးမည် ဖြစ်ပါသည်။”

အဆိုပြုအနည်းဆုံးအခကြေးငွေဟာ တနာရီ ကျပ် ၆၀၀ နှုန်းနဲ့ အလုပ်ချိန် ၈နာရီ တရက်အတွက် ကျပ် ၄၈၀၀ ဖြစ်ပြီး ဒီ သတ်မှတ်ချက်ဟာ အလုပ်သမား ၁၀ယောက်အောက်ရှိတဲ့ လုပ်ငန်းငယ်တွေ မိသားစု တပိုင်တနိုင်လုပ်ငန်းတွေကတော့ သက်ဆိုင်ခြင်း မရှိပါဘူး။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ လုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးမှာ တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေအတွက် တရက်လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကစပြီး အစိုးရက အနည်းဆုံးအခကြေးငွေ တရက်လုပ်ခ ၃၆၀၀ ကျပ်နှုန်းထား သတ်မှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013