DVB Logo
Home
မြန်မာသတင်း
ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီး ၁ ဦး မိမိကိုယ်ကို မီးရှို့သေဆုံး
DVB
·
January 2, 2018
ပုဗ္ဗသီရိမြို့နယ်၌ အမျိုးသမီး ၁ ဦး မိမိကိုယ်ကို မီးရှို့သေဆုံး
Donate to DVB

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မနေ့က အမျိုးသမီးတယောက် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မနေ့ မနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပ ရပ်ကွက်နေ ဒေါ်ခင်မျိုးအေးရဲ့ အိမ်အနောက်ဘက်နဲ့ အုတ်တံတိုင်းကြားမှာ အမျိုးသမီး တယောက် ကိုယ့်ကိုယ်ကို မီးရှို့သေဆုံးနေတဲ့ သတင်းကို  ထုံးဖိုမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေက သွားရောက် စစ်ဆေးရာမှာ  မီးလောင်သေဆုံးနေတဲ့ အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းအေးကို တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဒေါ်သင်းသင်းအေးဟာ လွန်ခဲ့တဲ့ ၆ လလောက်ကပဲ အစာအိမ်ရောဂါ ဖြစ်ပြီး အစာမစားနိုင်ဘဲ နွားနို့နဲ့ ရေပဲ သောက်နေရလို့ ကျန်းမာရေး မကောင်းလို့  သေချင်တယ်လို့ မကြာခဏ ပြောဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ ခရီးသွားနေချိန်မှာ ပြုစုမယ့်သူမရှိလို့ မိခင် ဒေါ်ခင်ဝင်းနဲ့ အစ်မဖြစ်သူ ဒေါ်ခင်မျိုးအေးတို့ဆီမှာ လာထားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါ်ခင်ဝင်းနဲ့ ဒေါ်ခင်မျိုးအေးတို့ နေအိမ်ရှေ့ဈေးဆိုင်မှာ ဈေးရောင်းနေတုန်း အိမ် အနောက်ဘက်က ညှော်နံ့ရလို့ သွားကြည့်ရာမှာ ဒေါ်သင်းသင်းအေးမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေနေပြီး အနားမှာ ဓာတ်ဆီ ၁ ပုလင်းလောက်ကျန်သေးတဲ့ ၅ ဂါလံဝင် ပလပ်စတပုံးတွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီအမှုကို  ထုံးဖိုမြို့မရဲစခန်းမှာ သေမှုသေခင်းရေးဖွင့်စစ်ဆေးခဲ့တယ်လို့လည်း ထုတ်ပြန် ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013