DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မှန်းထားဟု ရွေးကောက်ပွဲကော်မရှင် ပြော
DVB
·
January 2, 2018
၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မှန်းထားဟု ရွေးကောက်ပွဲကော်မရှင် ပြော
Donate to DVB

 

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ မှန်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဒီဗွီဘီကိုပြောပါတယ်။

ကွယ်လွန်သွားကြတဲ့ လစ်လပ် လွှတ်တော်ကိုယ်စားလှယ်  ၇ နေရာအတွက် သက်ဆိုင်ရာ လွှတ်တော်တွေက ကော်မရှင်ထံ ရွေးကောက်ပွဲလုပ်ပေးဖို့ တောင်းဆိုလာရင် ကော်မရှင်အနေနဲ့ လုပ်ပေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့မှန်းတာကို ပြောပြတာနော်။ ဒါက နိုင်ငံရေးပါတီတွေကလည်း မှန်းတာပဲ၊ တိုင်းနဲ့ပြည်နယ်မှာ ၅ယောက် လစ်လပ်တယ်။ ပြည်သူ့လွှတ်တော်အဆင့်မှာ ၂ယောက် လစ်လပ်တယ်။ ၇ ယောက် လစ်လပ်နေတော့ သူ့ ဥပဒေအရ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ တွေကနေ လစ်လပ်နေတယ်ဆိုပြီး လုပ်ပေးဖို့ ရွေးကောက်ပွဲပြန်လုပ်ပေးပါဦး ဆိုရင်တော့ အဲ့ဒီအချိန်ကစလို့ ကျနော်တို့က ရွေးကောက်ပွဲ လုပ်ပေးဖို့ တာဝန်ရှိတာပေါ့။”

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ ပြည်နယ်တိုင်းတွေမှာ လစ်လပ်နေတာဖြစ်ပါတယ်။

မကြာသေးခင်က လုပ်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမ ဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးအပြီး ထုတ်ပြန်ချက်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးကို ဦးတည်မယ် ဆိုတဲ့အချက် ပါဝင်ခဲ့တဲ့နောက် ဒီနှစ်ထဲ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ အသံ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013