DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံပွဲ ကျင်းပ
DVB
·
January 2, 2018
မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံပွဲ ကျင်းပ
1 / 4
Donate to DVB

 

နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံပွဲကို မြိတ်မြို့မှာ ဇန်န၀ါရီ ၁ ရက်နေ့မှာ အကြိမ် ၉၀ မြောက် ကျင်းပခဲ့ပါတယ်။

ပုံမှန်ကျင်းပနေတဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မကျင်းပဖြစ်တာ ၅ နှစ်ရှိပြီဖြစ်တဲ့ မြိတ်မြို့ရဲ့ နှစ်ကျိပ်ရှစ်ဆူပွဲကို ဒီနှစ်မှာလည်း ပြာသိုလပြည့်နေ့မှာပဲ ဆက်လက်ကျင်းပခဲ့တာပါ။

မြိတ်မြို့တွင်း နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်နေစဉ်မှာ ထောင်သောင်းချီ လာရောက်ဖူးမြော် ခဲ့ကြပါတယ်။

မြိတ်မြို့နယ်လုံး ဆိုင်ရာ ဗုဒ္ဓဘာသာအသင်းကြီးမှ ဒုဥက္ကဋ္ဌ ဦးကြည်လင်းက “ဒီနှစ်မှာလည်း ပြာသိုလပြည့်နေ့မှာပဲ မြို့တွင်း လှည့်လည်အပူဇော်ခံ ကျင်းပခဲ့တာပါ။ ဒီလိုနောက်ဆုတ် ကျင်းပရတာက ၅ နှစ်ရှိသွားပါပြီ။ တန်ဆောင်မုန်းလထဲမှာဆိုရင် ဘုရား ငါးဆူကျောင်းတိုက်မှာ ရှင်မလဲ တရားပွဲရှိတယ်။ ဘုံကထိန်ပွဲတွေ ရှိနေတယ်။ ဒါကြောင့် ရပ်ကွက်တွေ ဗုဒ္ဓဘာသာတွေကမအား လပ်ကြဘူး။ နောက်ပြီး ရာသီဥတုအခြေအနေက လည်း ရှိသေးတယ်။ ပြီးခဲ့တဲ့ ၅ နှစ်လောက်က ဘုရားအပူဇော်ခံနေတဲ့အချိန်မှာ မိုးတွေရွာပြီး လေပြင်းတွေတိုက်လို့ မဏ္ဍပ်တွေ ပျက်စီးသွားတာရှိတယ်။ ဒါကြောင့် ရာသီဥတုဖောက်ပြန်တဲ့ နေ့ရက်တွေကိုရှောင်ပြီး ပြာသိုလပြည့်နေ့မှာ ကျင်းပရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်အပူဇော်ခံပွဲ နောက်ဆုတ်ကျင်းပတာကို မြို့လုံးကျွတ် အစည်းအဝေးမှ တင်ပြချက်တွေ၊ ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွန်သြ၀ါဒတွေကို ခံယူကျင်းပတာဖြစ်ကြောင်း ဦးကြည်လင်းက ဆက်ပြောပါတယ်။

ဘုရားအပူဇော်ခံရာလမ်းကြောင်း တလျောက်မှာ ဒေသခံတွေ ဖူးမြော်ခဲ့သလို စတုဒီသာ ကျွေးမွေးတာကိုလည်း ရပ်ကွက်များအလိုက် ပြုလုပ်ခဲ့ကြပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013