DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 2, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲ (FAQ/RC) က ၁ တင်းကို ငွေကျပ် ၁၈,၇၀၀ ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ တင်းကို ၁၇,၅၀၀ ကျပ်ကနေ ကျပ် ၁၇,၈၀၀ ပေါက်ဈေးရှိပါတယ်။

ရန်ကုန်နဲ့ ပခုက္ကူ ကုန်စည်ဒိုင် ၁ တင်းကို ၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ငွေကျပ် ၃၆,၇၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ရန်ကုန် ကုန်စည်ဒိုင်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းဖြူ
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ၁ အိတ်ကို ၇၅,၉၀၀ ကျပ်ကနေ ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၇၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၈၅,၀၀၀ ပေါက်ဈေးရှိပါယတ်။

ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ထောပတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ ထောပတ်ပဲက ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၆၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၇၅,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ရန်ကုန် ကုန်စည်ဒိုင်မှာ ကြက်သွန်နီ(ပခုက္ကူ)က ၁ ပိဿာကို ၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၂,၇၀၀ ပေါက်ဈေးရှိပြီး ကြက်သွန်နီ အများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၀၀၀  ကျပ်ကနေ ၂,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ပခုက္ကူမှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက်က ၄၅ ပိဿာဝင် ၁ အိတ်ကို ၉၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၅,၀၀၀ ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတာ့ ၁ အိတ်ကို ၉၃,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၇,၀၀၀ ကျပ် ဈေး ကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013