DVB Logo
Home
မြန်မာသတင်း
ငွေကျပ်သိန်း ၅ ထောင်နစ်နာကြေးပေးရန် အလှမယ် ရွှေအိမ်စည် တောင်းဆို
DVB
·
January 2, 2018
ငွေကျပ်သိန်း ၅ ထောင်နစ်နာကြေးပေးရန် အလှမယ် ရွှေအိမ်စည် တောင်းဆို
Donate to DVB

 

အလှမယ် ရွှေအိမ်စည်ရဲ့ အသရေပျက်စေတယ်ဆိုပြီး နစ်နာကြေး ငွေကျပ် သိန်း ၅ ထောင်ပေးလျော်ဖို့ Hello Madam မီဒီယာ ကုမ္ပဏီကို ရှေ့နေတွေက တဆင့်တောင်းဆိုလိုက်ပါတယ်။

ပထမ အကြောင်းကြားစာကို Hello Madam မီဒီယာ ကုမ္ပဏီက ဒေါ်စိုးယုဝေဆီကို ရှေ့နေက ပို့ပြီးနောက် အကြောင်းမပြန်တဲ့အတွက် ဒီနေ့ထုတ် သတင်းစာတွေမှာ ကြေညာချက်ထည့်သွင်း ဖော်ပြလာတာပါ။

အဲဒီကုမ္ပဏီဟာ ရွှေအိမ်စည်ကို Miss Grand International ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု  ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ပြီးမှ ရုပ်သိမ်းလိုက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ရွေးချယ်တာကို ရုပ်သိမ်းလိုက်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာဟာ အထောက်အထားကင်းမဲ့ပြီး အသရေပျက်စေတယ်လို့ ရွှေအိမ်စည်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။

အဲဒီကြေညာချက်ကြောင့် ရွှေအိမ်စည်မှာ ငွေကြေးနဲ့ တန်ဖိုးဖြတ်မရတဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းစေခဲ့တာကြောင့် နစ်နာကြေး ငွေကျပ် သိန်း ၅ ထောင်ပေးလျော်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အသရေဖျက်ရေးခဲ့တာတွေအတွက် ကုမ္ပဏီရဲ့ လူမှုကွန်ရက်စာမျက်နဲ့ အများပြည်သူ သိနိုင်မယ့် သတင်းစာ၊ ဂျာနယ်တွေမှာ ဝန်ချတောင်းပန်စာ ထည့်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

ဒါတွေကို ၁၄ ရက်အတွင်း မလုပ်ပေးဘူးဆိုရင် တရားမကြောင်းအရ အရေးယူ သွားမယ်လို့လည်း ကြေညာထားပါတယ်။

Miss Grand International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ရွှေအိမ်စည်ကို ရွေးချယ်ခဲ့ပြီး အကြောင်းပြချက် ၅ ခုနဲ့ ပယ်ချလိုက်တာ ဖြစ်ပါတယ်။

၂၀၁၇ မယ်စကြာဝဠာမြန်မာရဲ့  1st Runner Up  အလှမယ် ရွှေအိမ်စည်ရဲ့ သရဖူကို ပြန်လည်ရုပ်သိမ်းကြောင်း Miss Universe Myanmar Organization က အောက်တိုဘာ ၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။

အလှမယ်ရွှေအိမ်စည်ဟာ Miss Universe Myanmar Organizationသို့ ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ အနေအထိုင်နှင့် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းရမည်ကို လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် Miss Grand International 2017 ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်စေမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာလို့လည်း  ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-ShweEainSi

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013