DVB Logo
Home
အာရှဒေသ
ပါကစ္စတန်မှ ဆစ်ခ် ဘာသာရေးပွဲတော်
DVB
·
April 27, 2012
ပါကစ္စတန်မှ ဆစ်ခ် ဘာသာရေးပွဲတော်
Donate to DVB

ကမ္ဘာအနှံ့က ဆစ်ခ်(ပန်ချာပီ)လူမျိုးတွေ နေထိုင်တဲ့ နေရာတိုင်းမှာ ဆစ်ခ် ဘာသာရေး နှစ်သစ်ကူးပွဲတော်ကို ၃ ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ ဆစ်ခ် အယူဝါဒဟာ နှစ်ပေါင်း ၅၀၀ လောက်က ပန်ဂျပ်ပြည်နယ်မှာ စတင်ခဲ့ပြီး၊ အဲဒီနေရာကို ဆစ်ခ်လူမျိုးတွေရဲ့ ဇာတိမြေ အဖြစ် လက်ခံထားကြပါတယ်။ ဒါပေမယ့် အခု ပန်ဂျပ်ဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ပိုင်းခြားခံထားရပြီး၊ မြင့်မြတ်တဲ့ ဂေါဒါဝါ ပန်ဂျ ဆာဟစ်ဘ်(Gurdawa Panja Sahib) ဘုရားကျောင်းက ပါကစ္စတန်ဘက်ခြမ်းကို ပါသွားပါတယ်။

နှစ်စဉ်နှစ်တိုင်း ဆစ်ခ် ဘုရားဖူး ထောင်ပေါင်းများစွာဟာ ဘာသာရေးပွဲတော်အချိန်မှာ ပါကစ္စတန်ကို ဘုရားဖူး သွားကြပါတယ်။ ဆစ်ခ်တွေ ငြိမ်းချမ်းစွာ ပွဲတော်ကျင်းပနိုင်ဖို့ ပါကစ္စတန် အာဏာပိုင်တွေက လုံခြုံရေး တာဝန်ယူပေးပါတယ်။ ပန်ဂျပ်ပြည်နယ် မြောက်ဘက်က ဘုရားဖူးတွေဆီ သတင်းထောက် ‘မူဒက်ဆာ ရှား’ (Mudassar Shah) က သွားရောက်မေးမြန်းခဲ့ပါတယ်။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013