DVB Logo
Home
မြန်မာသတင်း

လေတပ်ကာကွယ်ရေးဦးစီးချုပ်ပြောင်းလဲခန့်အပ်

DVB
·
January 2, 2018
လေတပ်ကာကွယ်ရေးဦးစီးချုပ်ပြောင်းလဲခန့်အပ်
Donate to DVB

 

တပ်မတော်(လေ)ရဲ့ကာကွယ်ရေး ဦးစီးချုပ်ကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

သက်ပြည့်အငြိမ်းစားယူသွားတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ရဲ့ နေရာမှာ လေ-၁၉၂၅ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ကာကွယ်ရေးဦးစီးချုပ်(လေ) အဖြစ် ဒီနေ့မှာပဲ ခန့်အပ်တာဝန်ပေးတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ဟာ နိုင်ငံတော်သမ္မတရုံးကို သွားရောက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ဂါရဝပြု တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013